February 4, 2026

ထိုင်းမှာ နာရေးကို စားသောက်ပွဲလို့ ထင်မှတ်မှားပြီး နိုင်ငံခြားသားတွေ ဝင်ရောက် စားသောက်

နာခွန်ဆီ သမ်မာရတ်၊ ဖေဖော်ဝါရီ ၄ ထိုင်းမှာ နာရေးအခမ်းအနားတစ်ခုကို စားပွဲသောက်ပွဲလို့ ထင်မှတ်မှားပြီး ဝင်လာကြတဲ့ နိုင်ငံခြားတွေကို ကျန်ရစ်သူ မိသားစုက ဂုဏ်သရေရှိ ဧည့်သည်တော်တွေအဖြစ် နွေးနွေးထွေးထွေး ကြိုဆိုဧည့်ခံနေပုံ ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ အုတ်အော် သောင်းတင်း ဖြစ်နေပါတယ်။ နာရေးအခမ်းအနားကို စားသောက်ပွဲကြီး ကျင်းပနေတယ် အထင်နဲ့ နိုင်ငံခြားသားတွေ အများကြီး ဝင်ရောက် စားသုံးခဲ့ကြကြောင်း ဖေ့စ်ဘွတ်ခ်…

အာဏာရှင်စနစ်ဆီ အမေရိကန် ဦးတည်နေပြီလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄ သမ္မတ ဒေါ်နယ် ထရန့်က အမေရိကန်ကို အာဏာရှင် နိုင်ငံဖြစ်လာအောင် ပြောင်းလဲနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်မှာ သတိပေးလိုက်ပါတယ်။ ကမ္ဘာတဝှမ်း နှစ်ပေါင်း ၄၀ အတွင်း ဒီမိုကရေစီ အားအနည်းဆုံး ဖြစ်လာကြောင်းလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ ဒေါ်နယ် ထရန့်…

ရေဖြူမှာ ဒရုန်းဗုံးကျလို့ အရပ်သား သုံးဦး ဒဏ်ရာရ

ရေဖြူ၊ ဖေဖော်ဝါရီ ၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ပုဂေါဇွန်းကျေးရွာ ဘုန်းကြီးကျောင်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာပါ။ အဲဒီဒရုန်းဗုံးဟာ ဘုန်းကြီးကျောင်းအနီးက…

မတ်လတတိယအပတ်မှာ လွှတ်တော် အစည်းအဝေး ခေါ်ယူမယ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၄ လာမယ့် မတ်လတတိယပတ်အတွင်း လွှတ်တော် အစည်းအဝေး ခေါ်ယူသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့က နေပြည်တော်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးနဲ့ တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က အသိပေးပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ အပိုင်း ၃ ခုလုံးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းနဲ့…

မြန်မာနဲ့ရုရှား စစ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး

နေပြည်တော်၊ ဖေဖော်ဝါရီ ၄ ရုရှားနဲ့ မြန်မာတို့ ၅ နှစ်ကြာ စစ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၃ ရက်မှာ ဖော်ပြပါတယ်။ စစ်ခေါင်းဆောင်တွေ အာဏာဖမ်းဆုပ်ထားမှုအတွက် အရေးပါတဲ့ မဟာမိတ် နိုင်ငံတစ်ခုကို အခုလို စာချုပ်ချုပ်ဆိုလိုက်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ စစ်တပ်ဟာ ဆက်လက် ရှင်သန်နိုင်ရေး…

လေယာဉ်တင် သင်္ဘောဆီသို့ ချဉ်းကပ်လာတဲ့ အီရန် ဒရုန်းကို ပစ်ချခဲ့တယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄ ဖေဖော်ဝါရီ ၃ ရက်က အာရေဗျပင်လယ်ရှိ အမေရိကန် လေယာဉ်တင် သင်္ဘောဆီသို့ ရုတ်တရက် ချဉ်းကပ်လာတဲ့ အီရန် ဒရုန်း တစ်စီးကို ပစ်ချခဲ့တယ်လို့ အမေရိကန် စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ယူအက်စ်အက်စ် အေဗရာဟမ် လင်ကွန်း လေယာဉ်တင် သင်္ဘောပေါ်ကနေ ပျံတက်သွားတဲ့ အက်ဖ်-၃၅ စီ တိုက်လေယာဉ် တစ်စီးက…