January 26, 2026

စစ်အာဏာသိမ်း (၁၈၂၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၇၂၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၇ AAPP ရဲ့ ဇန်နဝါရီ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၂၁) ရက်အတွင်း ပြည်သူ (၇၇၂၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၃၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၇၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်ယူနီဖောင်းချွတ်တွေ ဦးဆောင်မယ့်အစိုးရ ရွှေရည်စိမ်ဒီမိုကရေစီစနစ်ဖြစ်ဖို့တောင် ခဲယဉ်းနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၇ စစ်တပ် ဦးဆောင်ကျင်းပတဲ့ ၂၀၂၅ – ၂၀၂၆ ရွေးကောက်ပွဲကနေ နောက်တက်လာမယ့် အစိုးရနဲ့ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရလိုမျိုး မျှော်လင့်ဖို့ လက်ရှိ အနိုင်ရပါတီကို ပူးပေါင်းပေးမယ့် အခြေ အနေပတ်ဝန်းကျင်အပေါ် မူတည်လိမ့်မယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပပြီးစီးသွားခဲ့တဲ့ အပိုင်း ၃ ရွေးကောက်ပွဲကို မန္တလေးတိုင်း…

သထုံခရိုင်က စစ်ရှောင်တစ်သောင်းကျော် နေရပ်မပြန်ရဲသေး

သထုံ၊ ဇန်နဝါရီ ၂၇ မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှု ဆက်ရှိနေတာကြောင့် စစ်ရှောင်တစ်သောင်းကျော် နေရပ်မပြန်ရဲသေးဘူးလို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်းအတွင်း စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။ စစ်ကော်မရှင်တပ်ရဲ့…

လောင်းလုံးမှာ စစ်တပ်လက်နက်ကြီးကျလို့ ကလေးငယ်နှစ်ဦး ဒဏ်ရာရ

လောင်းလုံး၊ ဇန်နဝါရီ ၂၇ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရွေးကောက်ပွဲ အပိုင်း ၃ မကျင်းပမီ တစ်ရက်အလို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က လောင်းလုံးမြို့ပေါ် လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က မြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။…

ကမ္ဘာ့ပထမဆုံးအဖြစ် ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၅၁၀၀ ကျော်အထိ စံချိန်တင်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၆ ၂၀၂၅ ခုနှစ်က ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တဲ့ ရွှေဈေးဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အနေနဲ့ တစ်အောင်စကို ဒေါ်လာ ၅၁၀၀ ကျော်အထိ ဆက်လက် မြင့်တက်လာခဲ့ပါတယ်။ ဂရင်းလန်းကျွန်းနဲ့ပတ်သက်လို့ အမေရိကန်နဲ့ နေတိုး အဖွဲ့ကြား တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဘဏ္ဍာရေး၊ ပထဝီနိုင်ငံရေး မသေချာ မရေရာမှုတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ…

တရုတ် စစ်ဖက်ဆိုင်ရာ ထိပ်တန်း ရာထူးနေရာ ပြောင်းလဲမှု စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ် ပြော

တိုင်ပေ၊ ဇန်နဝါရီ ၂၆ ဘေဂျင်းက သူတို့ရဲ့ ရာထူး အမြင့်မားဆုံး စစ်ဗိုလ်ချုပ် တစ်ဦးကို စုံစမ်းစစ်ဆေးနေချိန် တရုတ် စစ်တပ် ခေါင်းဆောင်ပိုင်းမှာ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲမှုတွေကို လေ့လာစောင့်ကြည့်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။ တရုတ် စစ်တပ်မှာ ထိပ်တန်း စစ်ဖက် ရာထူးနေရာတွေ အပြောင်းအလဲ ရှိပေမယ့် တိုက်ခိုက်နိုင်တဲ့…

ရွေးကောက်ပွဲ အောင်မြင်တယ်လို့ စစ်ခေါင်းဆောင် ပြော

မန္တလေး၊ ဇန်နဝါရီ ၂၆ အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပတဲ့ ၂၀၂၅ အထွေထွေရွေးကောက်ပွဲဟာ အောင်မြင်တဲ့ ရွေးကောက်ပွဲ တစ်ရပ် ဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၂၅ ရက်နေ့က မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ မန္တလေးတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ သွားရောက်တွေ့စဉ် စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲမှာ…

ရေဖြူအခြေစိုက် ခလရ ၄၀၆ တပ်က တပ်သား ငါးဦး KNU ထံ အလင်းဝင်

ရေဖြူ၊ ဇန်နဝါရီ ၂၆ တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၆ ခြေလျင်တပ်ရင်းက တပ်သား ငါးဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်သား ငါးဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၀ ထံ လက်နက်ချ…

ဗင်နီဇွဲလားက နိုင်ငံရေး အကျဉ်းသား ဒါဇင်ပေါင်းများစွာကို လွှတ်ပေး

ကာရာကတ်စ် ဇန်နဝါရီ ၂၆ အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် ဗင်နီဇွဲလားက နိုင်ငံရေးအကျဉ်းသား ၈၀ ထက်မနည်း ပြန်လွှတ်ပေးလိုက်ကြောင်း ထိပ်တန်း ဗင်နီဇွဲလား လူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။ ဇန်နဝါရီ ၂၄ ရက်မှာ နိုင်ငံတဝှမ်း အကျဉ်းထောင်တွေကနေ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိမိတို့အဖွဲ့က ဘယ်သူဘယ်ဝါတွေ ဖြစ်ကြောင်း စစ်ဆေး အတည်ပြုထားကြောင်းနဲ့ နောက်ထပ် လွှတ်ပေးဖို့ ရှိသေးကြောင်း Foro…

အမေရိကန်မှာ ဆောင်းမုန်တိုင်းကြောင့် ပြည်နယ် ၂၄ ခုမှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၆ အမေရိကန်မှာ ဆောင်းမုန်တိုင်းတွေကြောင့် လူပေါင်း ၁ သိန်းလောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး ပြည်နယ်ပေါင်း ၂၄ ခုမှာ အရေးပေါ် ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ ပြင်းထန်တဲ့ ဆောင်းရာသီ မုန်တိုင်းကြောင့် နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ဆီးနှင်းနဲ့ ရေခဲတွေ ထူထဲစွာ ကျရောက်နေပြီး ဇန်နဝါရီ ၂၅ ရက်က လေကြောင်း…