ဘေဂျင်း၊ ဇန်နဝါရီ ၁၉
၂၀၂၅ ခုနှစ်အတွင်း လူပုဂ္ဂိုလ် တစ်သန်းနီးပါးကို အကျင့်ပျက်ခြစားမှုနဲ့အရေးယူခဲ့တယ်လို့ တရုတ် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။
စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဗဟိုကော်မတီ (CCDI) က ထုတ်ပြန်တဲ့ ကြေညာချက်မှာ လူပေါင်း ၉၈၃၀၀ ဦးကို ပြစ်မှု အမျိုးမျိုးအတွက် ပြီးခဲ့တဲ့နှစ်က ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲဒီမတိုင်ခင်နှစ်က အကျင့်ပျက်မှုနဲ့ ပတ်သက်လို့ လူပေါင်း ၈၈၉၀၀၀ ဦးကို အရေးယူခဲ့ကြောင်းနဲ့ ၂၀၂၅ ခုနှစ်အတွင်း အရေးယူခံရသူ ၁၀ ဒသမ ၆ ရာခိုင်နှုန်း ပိုများလာကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်နယ်အဆင့်နဲ့ ဝန်ကြီးအဆင့် အကြီးတန်း အရာရှိ စုစုပေါင်း ၁၁၅ ဦးကို စုံစမ်း စစ်ဆေးနေပြီး သူတို့ထဲက ၆၉ ဦးကို ပြစ်ဒဏ်ချမှတ်ထားကြောင်း CCDI က ပြောပါတယ်။

အရေးယူခံရသူ နောက်ဆုံး စာရင်းမှာ အစိုးရ အကြီးတန်းအရာရှိတွေ၊ တက္ကသိုလ် အရာရှိဟောင်းတွေ၊ အစိုးရပိုင် အဖွဲ့အစည်းများရဲ့ အကြီးအကဲများ ပါဝင်နေပါတယ်။
အကျင့်ပျက် ခြစားမှု နှိမ်နှင်းရာမှာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူတွေ ရာထူးနိမ့်သူတွေလည်း ပါဝင်ကြောင်း တရုတ် အကျင့်ပျက်ခြစားမှု နှိမ်နှင်းရေးအဖွဲ့က ပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက်က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ် ဆက်လက် ပြင်ထန်နေဆဲ ဖြစ်သလို ရှုပ်ထွေးမှုတွေလည်း ရှိနေဆဲ ဖြစ်ကြောင်း ပြောပါတယ်။
အကျင့်ပျက်ခြစားမှုဟာ နိုင်ငံနဲ့ ပါတီအတွက် အတားအဆီး တစ်ခု ဖြစ်တယ်ကြောင်းနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စစ်ပွဲဟာ မိမိတို့ အရှုံးပေးလို့ လုံးဝ မဖြစ်တဲ့ တိုက်ပွဲ တစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။
အာဏာရ ကွန်မြူနစ်ပါတီကနေ စစ်ဖက်ဆိုင်ရာ ထိပ်တန်းအရာရှိ နှစ်ဦးကို ထုတ်ပယ်ထားပြီး အောက်တိုဘာလက စစ်ဖက်ဆိုင်ရာ ဥပဒေနဲ့ အရေးယူခဲ့ပါတယ်။
လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်လို့ လူပေါင်း ၃၃၀၀၀ ကို စုံစမ်း စစ်ဆေးခဲ့ပြီး သူတို့ထဲက ၄၃၀၆ ဦးကို အစိုးရ ရှေ့နေတွေဆီ လွှဲအပ်ထားကြောင်း သိရပါတယ်။
Ref:CNA

