ဘန်ကောက်၊ ဇန်နဝါရီ ၁၅
ဇန်နဝါရီ ၁၅ ရက် မနက်က ဘန်ကောက်မြို့အနီး ဆာမွတ်ဆာခွန် ပြည်နယ် ရာမ ၂ လမ်းမပေါ်မှာ သွားလာနေတဲ့ ယာဉ်နှစ်စီးအပေါ် ကရိန်းပြိုလဲကျပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
သာချင်းဒေသ ပါရီ ဂါးဒင်း ဟိုတယ် အပြင်ဖက်မှာ မနက် ၉ နာရီ ၂၅ မိနစ်က ကရိန်းပြိုလဲကျမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့နဲ့ တောင်ပိုင်းပြည်နယ်တွေကို ချိန်ဆက်ထားတဲ့ လမ်းကြောင်းထဲက တစ်ခုဖြစ်တဲ့ ရာမ -၂ လမ်းပေါ်က တံတားဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ အသုံးပြုနေတဲ့ ကရိန်း ပြိုလဲကျခဲ့တာ ဖြစ်ပါတယ်။
လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ကားနှစ်စီးအပေါ် ကရိန်း တိုက်ရိုက် ပြိုလဲကျခဲ့တာ ဖြစ်ပြီး အဲဒီဖြစ်ရပ်က ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အွန်လိုင်းမှာ လူအများ ဝေမျှထားကြပါတယ်။

အဲဒီလို ကရိန်း ပြိုလဲကျမှုကြောင့် ကားပေါ်မှာ လိုက်ပါလာသူတွေ ပိတ်မိနေခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပေမယ့် အရာရှိတွေက ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ အတည်မပြုသေးပါဘူး။
နာခွန်ရက်ချာစီမာပြည်နယ်မှာ အမြန်ရထားပေါ်သို့ ကရိန်းပြိုလဲကျမှု ဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခုလိုမျိုး အလားတူ ဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မောင်းနှင်လာနေတဲ့ ရထားပေါ် ကရိန်းပြိုလဲကျတဲ့ ဖြစ်ရပ်အတွင်း လူ ၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၆၄ ဦးအထိ ရှိခဲ့ပါတယ်။
အဲဒီစီမံကိန်းကို ကြီးကြပ်နေတဲ့ အီတလီ-ထိုင်း ဆောက်လုပ်ရေးလုပ်ငန်း ITD က သူတို့နဲ့ ပတ်သက်နေမှုအတွက် တာဝန်ခံကြောင်း ပြောထားပါတယ်။
လက်ရှိမှာ ကရိန်း လုပ်ဆောင်မှု တာဝန်ယူထားသူနဲ့ ပြိုလဲကျရတဲ့ အကြောင်းအရင်းကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
ရာမ-၂ လမ်းမမှာ ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ ရာဇဝင် ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လက အဲဒီ တည်ဆောက်ဆဲ တံတား တစ်စင်း ပြိုကျမှုကြောင်း လူ ၆ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
Ref: thethaiger

