ကျွန်းစု၊ ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် တောင်သုံးလုံးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
တောင်သုံးလုံးကျေးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် ည ၇ နာရီအချိန်ခန့်မှာ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ဟန်ချက်ညီညီ တိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ ပျူစောထီးအဖွဲ့ဝင်တွေ အားလုံး စခန်းစွန့်ခွာ ထွက်ပြေးခဲ့ပြီး ပျူစောထီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်ချိန် G3 ရိုင်ဖယ်သေနတ်တစ်လက်နဲ့ ဆက်စပ်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျွန်းစုမြို့နယ်ဟာ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲ ၂ မှာ ပါဝင်ပြီး ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလို စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

