မနီလာ၊ ဇန်နဝါရီ ၁၁

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ဧရာမအမှိုက်ပုံကြီး ပြိုကျပြီး သန့်ရှင်းရေး အလုပ်သ မား ဒါဇင်နဲ့ချီ နစ်မြုပ်သွားပြီးနောက် ဇန်နဝါရီ ၁၀ ရက်မှာ ကယ်ဆယ်ရေး အလုပ်သ မားတွေ မြေတူးစက်အသုံးပြုပြီး အသက်ရှင်ကျန်သူတွေကို ရှာဖွေနေပါတယ်။

စီဘူးမြို့ရှိ ပုဂ္ဂလိကလုပ်ငန်းတစ်ခု လုပ်ကိုင်နေတဲ့ ဘီနာဝစ်အမှိုက်ပုံကြီး ဇန်နဝါရီ ၈ ရက်မှာ ပြိုကျပြီး သန့်ရှင်းရေး အလုပ်သမား ၅၀ လောက် နစ်မြုပ်သွားခဲ့တယ်လို့ မြို့ကောင်စီဝင်အရာရှိ တစ်ဦးက ပြောပါတယ်။

အဲဒီ အမှိုက်ပုံကြီးဟာ အထပ် ၂၀ မြင့်တဲ့ အဆောက်အဦတစ်ခုလောက်ရှိပြီး လောလောဆယ် သေဆုံးသူလေးဦး ရှိကြောင်း အတည်ပြုထားပါတယ်။ အသက်ရှင်ကျန်သူတွေကို ရှာဖွေနေချိန် ကယ်ဆယ်ရေး လုပ်သားတွေဟာ နောက်ထပ် အမှိုက်ပုံ ပြိုကျနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ စီဘူးမြို့ ကယ်ဆယ်ရေး အရာရှိ ဂျိုရီးရက်စ်က အေအက်ဖ်ပီ သတင်းဌာနသို့ ဇန်နဝါရီ ၁၀ ရက်မှာ ပြောပါတယ်။

ရှာဖွေရေး ဆောင်ရွက်နေချိန် အမှိုက်ပုံ မတည်မငြိမ် ဖြစ်လာတာကြောင့် ရပ်လိုက်၊ လုပ်ငန်း ပြန်စလိုက် လုပ်ဆောင်နေရတယ်လို့ အရာရှိတွေက ပြောပါတယ်။ စီဘူးမြို့နဲ့ အနီးအနားက အမှိုက်တွေကို လက်ခံထားတဲ့ အဲဒီ အမှိုက်ပုံကြီးဟာ ဇန်နဝါရီ ၈ ရက် မနက် ၁၀ နာရီက ပြိုကျခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် အလောင်း လေးလောင်း တွေ့ရှိထားပြီး နောက်ထပ် ၃၄ ဦး ပျောက် ဆုံးနေဆဲ ဖြစ်တယ်လို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။ လေးလွန်းတဲ့ သံအပိုင်း အစတွေရှိနေပြီး အပေါ်ပိုင်း အလေးချိန်ကြောင့် အမှိုက်ပုံ မတည်မငြိမ် ဖြစ်နေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ဆိုတာပါ။

လက်ရှိ အဲဒီအမှိုက်ပုံကနေ အသက်ရှင်ကျန်သူ ၁၂ ဦးကို ကယ်ထုတ်ထားနိုင်ပြီး ဆေးရုံတင်ပို့ထားရပါတယ်။ အဲဒီ အမှိုက်ပုံကြီးနေရာမှာ နေ့စဉ် အစိုင်အခဲ စွန့်ပစ်ပစ္စည်းတန်ချိန် ၁၀၀၀ အထိ ရှင်းလင်းပေးနေရ တယ်လို့ အမှိုက်ပုံကို စီမံခန့်ခွဲနေတဲ့ Prime Integrated Waste Solutions လုပ်ငန်းက ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.