မော်စကို၊ ဇန်နဝါရီ ၉

အနောက်တိုင်းက ယူကရိန်းသို့ စစ်တပ်စေလွှတ်ခဲ့မယ်ဆိုရင် ရုရှားရဲ့ တရားဝင်တိုက်ခိုက်ရေး ပစ် မှတ်တွေ ဖြစ်လာမှာဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းမှာ အပစ်အခတ်ရပ်စဲထားတဲ့ အခြေအနေမှာ နိုင်ငံစုံတပ်ဖွဲ့တွေ ချထားမယ့် အစီအစဉ်ကို ဗြိတိန်နဲ့ ပြင်သစ်တို့က ကြေညာခဲ့ပြီးနောက် ရုရှားက အခုလိုမျိုး ပြောကြားတာဖြစ်ပါတယ်။

ယူကရိန်း အနောက်တိုင်းလိုလားတဲ့ အစိုးရတွေရဲ့ ညွှန့်ပေါင်းအဖွဲ့က စစ်ရေးအသွင် ကြေညာချက်တွေ အန္တရာယ်ပိုများလာနေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ယူကရိန်းကို ကာကွယ်ပေးဖို့ ဆန္ဒရှိတဲ့နိုင်ငံတွေ တွေ့ဆုံဆွေးနွေးပြီး အနာဂတ်မှာ ယူကရိန်းမှာ တပ်ဖွဲ့ဝင်တွေ ချထားမယ့်အစီအစဉ်ကို ဗြိတိန်နဲ့ ပြင်သစ်တို့က ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အစီအစဉ်မှာ ပြင်သစ်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ယူကရိန်းသို့ ပို့ဆောင်မှု ပါဝင်မှာ ဖြစ် ကြောင်း သမ္မတ မက်ကရွမ်က ပြောပါတယ်။

ယူကရိန်း မြေပြင်၊ ဝေဟင်နဲ့ ရေပြင် လုံခြုံရေး ပြင်သစ်နဲ့ လက်တွဲပြီး ဗြိတိန် တပ်ဖွဲ့ဝင်တွေ ချထားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီယာ စတာမာက ဆိုပါတယ်။

ယူကရိန်းမှာ အနောက်တိုင်းက စစ်သားတွေ ချထားတာ၊ စစ်ဖက်ဆိုင်ရာ အဆောက်အဦတွေ ထားရှိတာ လိုမျိုး လုပ်ရပ်တွေကို ပြည်ပက ကြားဝင် စွက်မှုအဖြစ် မှတ်ယူမှာ ဖြစ်ပြီး ပစ်မှတ်ထား တိုက် ခိုက်မှာ ဖြစ်ကြောင်း ကရင်မလင် နန်းတော်က ပြောထားပါတယ်။

ဒီလို လုပ်ဆောင်မယ်ဆိုရင် ရုရှား လုံခြုံရေးလောက်ကိုပဲ ထိခိုက်စေမှာ မဟုတ်ဘဲ ဥရောပနိုင်ငံတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက်စေမှာဖြစ်ကြောင်း ရုရှားက တုံ့ပြန်ပါတယ်။

ယူကရိန်းမှာ စစ်တပ် ချထားမယ့် အစီအစဉ်အတွင်း ပါဝင်နေတဲ့ နိုင်ငံတွေရဲ့ လုပ်ရပ်တွေဟာ အန္တ ရာယ် ပိုများလာနေတယ်လို့ ရုရှားက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက ယူကရိန်းကို အင်အားအပြည့်နဲ့ ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ရုရှားက နေတိုး အဖွဲ့ထဲ ယူကရိန်း သိမ်းသွင်း မခံရအောင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းမှာ အနောက်တိုင်း တပ်ဖွဲ့တွေ ဒါမှမဟုတ် စစ်လက်နက်တွေ ချထားတာမျိုးကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ရုရှားက အကြိမ်ကြိမ် ပြောထားပါတယ်။

အမေရိကန်ကတော့ ယူကရိန်းသို့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ချထားမှာ မဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် ယူကရိန်း တိုက်ခိုက်မခံရစေရေး နိုင်ငံအများရဲ့ ဆောင်ရွက်မှုကို ထောက်ခံတယ်လို့ ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.