မကွေး ဒီဇင်ဘာ ၃၁

မကွေးတိုင်း မကွေးမြို့ပေါ်မှာရှိတဲ့ အဓိကလမ်းတွေမှာ နိုင်ငံတော်အလံကို လိုက်လံစိုက်ထူပြီး စိုက်ထူခကို တောင်းခံနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလံတိုင်စိုက်ခ တစ်တိုင်ကို တစ်သောင်းကျပ်နှုန်းနဲ့ ကောက်ခံနေတာဖြစ်ပြီးတော့ မည်သူမည်ဝါက ကောက်ခံခိုင်းတယ်ဆိုတာကိုတော့ ကြောက်လို့မမေးဖြစ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သုံးဘီးနဲ့လာပြီးတော့ အလံတွေလိုက်စိုက်နေတာ၊ စျေးသည်တွေက တစ်တိုင်ကို တစ်သောင်းပေးရတယ်။ စစ်ဆေးမှာလို့ပြောတယ်။ အလံတိုင်မထောင်ရင် အရေးယူမှာမျိုးလားလည်း မသိပါဘူး။ ကြောက်လို့မမေးလိုက်ဘူး။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလံတိုင်စိုက်နေသူတွေဟာ နေ့စားငှားထားသူတွေ ဒါမှမဟုတ် စစ်ကော်မရှင်လက်အောက်ခံတွေလားဆိုတာကိုတော့ သေချာခွဲခြားမသိရပေမဲ့ အဲဒီ စိုက်ထူသူတွေကပဲ ငွေကြေးတောင်းခံသွားတာဖြစ်တယ်လို့ သိရပါတယ်။

မကွေးမြို့က အဓိကလမ်းမဘေးတွေမှာပဲ နိုင်ငံတော်အလံကို စိုက်ထူရမှာဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်မှာ စစ်ကော်မရှင်ရဲ့စစ်တပ် ရာထူးကြီးပိုင်းတွေက လိုက်လံစစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ အလံတိုင်တွေကို စစ်ဆေးမယ့် ရက်သာ ထားရှိပြီး တခြားသူတွေ ဖြုတ်သိမ်းတာမြင်ပါက ဖြုတ်သိမ်းဖို့လည်း အလံတိုင်စိုက်သူတွေက မှာခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.