ပွင်ဖြူ၊ အောက်တိုဘာ ၉

မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီ-ဆည်တော် တံတားဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတံတားဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

မဲဇလီ-ဆည်တော်တံတားဂိတ် သိမ်းပိုက်ခံရပြီးနောက် စစ်ကော်မရှင်ဘက်က လေကြောင်း၊လက် နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီး မြေပြင်မှာလည်း စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဘကတော့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့မတိုးအောင် ရှောင်ရှားကြဖို့ တိုက်တွန်းပါတယ်။

မဲဇလီ – ဆည်တော်တံတားဂိတ်ကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ မင်းဘူးခရိုင် ပကဖ၊ ပွင့်ဖြူမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းက လက်နက်ကြီး ပစ်ကူပေးခဲ့ပါတယ်။

တံတားဂိတ် သိမ်းပိုက်ခံရပြီးနောက် စစ်ကော်မရှင်နဲ့ ပျူစောထီးပူးပေါင်း အင်အား ၂၀၀ ဝန်းကျင်ဟာ အောက်တိုဘာ ၅ ရက်ကစလို့ ဆင်လူးကျေးရွာကတဆင့် မဲဇလီကျေးရွာရဲစခန်းဘက်ကို စစ် ကြောင်းထိုးဝင်ရောက်လာတာလို့ သိရပါတယ်။

လက်ရှိမှာလည်း ကာကွယ်ရေတပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်တို့အကြား အောက် တိုဘာ ၈ ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံ ၂၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.