မော်လမြိုင်(သံလွင်တံတား)မှာ အိမ်သုံးသယ်ဆောင်တဲ့ ထိုင်းကုန်ပစ္စည်းတွေကအစ ဖမ်းဆီးငွေညှစ်ခံနေရ
မော်လမြိုင်၊ အောက်တိုဘာ ၇ မွန်ပြည်နယ် မော်လမြိုင်(သံလွင်တံတား) မော်လမြိုင်ဘက်ခြမ်းမှာ အိမ်သုံးအတွက် ဝယ်လာတဲ့ ထိုင်းကုန် ပစ္စည်းကအစ ဖမ်းဆီးငွေညှစ်ခံနေရပြီး အတင်းအဓမ္မ ခြိမ်းခြောက် အကျပ်အကိုင်မှုတွေ ရှိနေတယ်လို့ ပေါင်ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မော်လမြိုင်(သံလွင်တံတား)မှာ လုံခြုံရေးယူထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မော်လမြိုင်မြို့ ဈေးဆိုင်တွေကနေ ဝယ်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေဖြစ်တဲ့ ဆီ၊ အချိုမှုန့်၊ အသီးအနှံအပါအဝင်အိမ်သုံး ပစ္စည်းတွေကို ဖမ်းဆီးငွေညှစ်မှုတွေ…