ကိဗ်၊ အောက်တိုဘာ ၆
ယူကရိန်း ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ရာမှာ ပိုပြီး ထိရောက်စေဖို့ ရုရှားကို တရုတ်က ထောက်လှမ်းရေးသတင်းတွေ ပေးနေတယ်လို့ ယူကရိန်း ထောက်လှမ်းရေး ထိပ်တန်း အရာရှိ တစ်ယောက်က ပြောလိုက်ပါတယ်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက အကျိုးအမြတ် ရနေတဲ့ နေရာတွေ အပါအဝင် ပစ်မှတ်တွေနဲ့ ပတ်သက်လို့ တရုတ်က ဂြိုဟ်တု ထောက်လှမ်းရေး သတင်းတွေ ပေးနေတာ ဖြစ်တယ်လို့ ယူကရိန်း ပြည်ပထောက်လှမ်းရေးအေဂျင်စီ အရာရှိ အိုလေ့ အလက်ဇန်ဒရိုက Ukrinform သတင်းဌာနသို့ ပြောခဲ့တာပါ။

ယူကရိန်း နယ်မြေတွေကို အမျိုးအစားခွဲခြားပြီး ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဗျူဟာမြောက် နေရာတွေကို ဂြိုဟ်တုက ထောက်လှမ်းရာမှာ ရုရှားနဲ့ တရုတ်ကြား အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှု ရှိနေတယ်လို့ အရာရှိ အလက်ဇန်ဒရိုက ပြောပါတယ်။
ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ ပိုင်ဆိုင်တဲ့ နေရာတွေကို တရုတ်ရဲ့ ထောက်လှမ်းရေး သတင်းအကူအညီနဲ့ ရုရှားက မကြာသေးခင်က တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောကြားပါတယ်။

နိုင်ငံ အနောက်ပိုင်း ဇာခါပတ်တီးယားဒေသရှိ အမေရိကန်ပိုင် စက်ရုံတစ်ခုကို ရုရှားက သြဂုတ်လအတွင်း ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
တရုတ်က ရုရှားကို လက်နက်တွေနဲ့ ယမ်းမှုန့်တွေ ထောက်ပံ့ ကူညီပေးနေတယ်လို့ သမ္မတ ဇီလန်စကီးက ဧပြီလအတွင်း ပြောခဲ့တာပါ။
ရုရှားနယ်မြေထဲမှာ တရုတ်က လက်နက်တွေ ထုတ်လုပ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်း တစ်ခု ရရှိထားတယ်လို့လည်း သမ္မတ ဇီလန်စကီးက ပြောကြားထားပါတယ်။
Ref:Reuters