September 27, 2025

အစ္စရေး ဝန်ကြီးချုပ် ကုလမှာ မိန့်ခွန်းပြောချိန် သံတမန်တွေ ခန်းမအတွင်းမှ ထွက်ခွာ

နယူးယောက်၊ စက်တင်ဘာ ၂၇ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။ အဲဒီလို အသိအမှတ်ပြုတဲ့ လုပ်ရပ်တွေဟာ ဂျူးလူမျိုးတွေ သတ်ဖြတ်ခံရမှု အတွက် စာရင်းရှင်းပြီး ဖြစ်တယ်ဆိုတဲ့ သတင်းစကားကို ပေးပို့လိုက်တဲ့ အရှက်ရစရာ အမှတ်အသား တစ်ခု ဖြစ်တယ်လို့…

အမေရိကန်ကို တိုက်ခိုက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် တီထွင်ရေး မြောက်ကိုရီးယား နီးစပ်နေပြီလို့ တောင်ကိုရီးယား ပြော

ဆိုးလ်၊ စက်တင်ဘာ ၂၇ မြောက်ကိုရီးယားဟာ အမေရိကန်ကို နျူကလီးယားလက်နက်နဲ့ ပစ်ခတ်နိုင်မယ့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေး နောက်ဆုံးအဆင့်ကို ရောက်ရှိနေပေမယ့် ကမ္ဘာ့လေထုထဲ ဝင်ရောက်တဲ့ နည်းပညာ ကျွမ်းကျင်ပိုင်နိုင်မှု မရှိသေးဘူးလို့ တောင်ကိုရီးယားသမ္မတက စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ နယူးယောက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေတဲ့ သမ္မတ လီဂျေးမြောင်ဟာ နယူးယောက် ရှယ်ယာဈေးကွက်မှာ…

ကျောက်မဲမှာ စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံး

ကျောက်မဲ၊ စက်တင်ဘာလ ၂၇ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ ကျောက်မဲမြို့နယ် ပါပုတ်ကျေးရွာကို စစ်ကော်မရှင်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံးတစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့်…

တနင်္သာရီ ပဝပ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၇ ဦးသေဆုံး

တနင်္သာရီ၊ စက်တင်ဘာလ ၂၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပဝပ်ကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ သိန်ခွန်းကျေးရွာဘက်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်တပ်နဲ့…

စစ်အာဏာသိမ်း (၁၆၉၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၈၆) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၇ AAPP ရဲ့ စက်တင်ဘာ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၆၉၉) ရက်အတွင်း ပြည်သူ (၇၂၈၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၇၃၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

နျူဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး ဆက်ကူညီပေးဖို့ ရုရှားထံ စစ်ခေါင်းဆောင် မေတ္တာ ရပ်ခံ

နေပြည်တော် ၊ စက်တင်ဘာ ၂၇ မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားကို ထုတ်ယူပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်ထားတာကြောင့် ရုရှားနိုင်ငံအနေနဲ့ ဆက်လက်ကူညီပေးဖို့ စစ်ခေါင်း ဆောင်က မေတ္တာရပ်ခံလိုက်ပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် – ၂၀၂၅ ရဲ့ မျက်နှာစုံညီ ထိပ် သီးအစည်းအဝေးမှာ စစ်ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ခေါင်းဆောင်…

မော်လမြိုင်မှာ ရှမ်းပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သူတွေကို တည်းခိုနေရာကန့်သတ်

မော်လမြိုင် ၊ စက်တင်ဘာ ၂၇ မွန်ပြည်နယ် မော်လမြိုင်ခရိုင်အတွင်း လာရောက်လည်ပတ်မယ့် ရှမ်းပြည်နယ် မှတ်ပုံတင်ဖြစ်တဲ့ ၁၃/ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတွေကို စစ်ကော်မရှင်ရဲ့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက တည်းခို မယ့်နေရာတွေကို ကန့်သတ်လိုက်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနဟာ အရင်က ၁၃/ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတွေထဲကမှ ကိုးကန့်၊…

စစ်တပ်က ရှေ့တန်းမှာ စစ်သားတွေကို မူးယစ်ဆေးဝါးတွေ တိုက်ကြွေးနေတယ်လို့ KNLA ပြော

ဘားအံ၊ စက်တင်ဘာ ၂၇ အာဏာသိမ်းစစ်တပ်ဟာ ဖက်ဆစ်စစ်တပ်ပီပီ ပြည်သူလူထုတစ်ရပ်လုံးအပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့တပ် ဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာမှာလည်း အဓမ္မစုဆောင်းထားတဲ့ စစ်သည်တွေကို အသိစိတ်ကင်းမဲ့အောင် မူးယစ်ဆေးဝါးတွေ တိုက်ကြွေးနေတယ်လို့ KNLA ဗဟိုစစ်ဌာနချုပ်က စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ မင်းအောင်လှိုင်သွားနေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ဖောက်ပြန်တဲ့စနစ်ဟာ ပြည်သူလူထုတစ်ရပ်လုံးကို ထာဝရကျွန်ပြုရေးဖြစ်ပြီး သူဟာ သူ့ရဲ့ အကျိုးစီးပွားအတွက်နဲ့ ကျူးလွန်ထားတဲ့…