ကလိန်အောင်၊ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့အခြေစိုက် အမှတ် ၄၀၉ ခြေမြန်တပ်ရင်းက တပ် သားနှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
အဲဒီတပ်သားနှစ်ဦးဟာ မနေ့ စက်တင်ဘာ ၁၉ ရက်နေ့က ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာပါ။
အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးဟာ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၃ သင် တန်းဆင်း တပ်သားတွေဖြစ်တဲ့ တပ်သား အောင်မျိုးပိုင်နဲ့ တပ်သား ဟိန်းမင်းသူတို့ ဖြစ်ပါတယ်။
လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးကို ဆုကြေးငွေကျပ် သိန်း ၅၀ ချီးမြှင့်ပေးအပ်ခဲ့ပြီး လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်ခုကို ပို့ဆောင်ပေးထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ရေဖြူမြို့အခြေစိုက် အမှတ် ၄၀၆ ခြေမြန်တပ်ရင်းက တပ်သား ရဲသိန်းနိုင်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဒူရကစစ်ကြောင်းထံ အလင်းဝင်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း