တနင်္သာရီတိုင်းက မြို့နယ်သုံးခုကို စစ်တပ်တပြိုင်တည်းဗုံးကြဲ
ထားဝယ်၊ စက်တင်ဘာ ၁၈ တနင်္သာရီတိုင်းရှိ ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တို့ကို စစ်ကော်မရှင်တပ် တပြိုင်တည်း ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၈ နာရီအချိန်လောက်ကစပြီး စစ်ကော်မရှင်တပ်ဟာ ထားဝယ်မြို့ နယ် အရှေ့တောဒေသရှိ ရေဝိုင်းနဲ့ ခေါင်တိုင်ပြင်ကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲသွားတာပါ။…