August 16, 2025

မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ ပေါ်တာအဆွဲကြမ်းနေ

မော်လမြိုင် ၊ ဩဂုတ် ၁၇ မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လူငယ်တွေကို ဆက်တိုက်ဆိုသလို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းတပ်သား စုဆောင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ စစ်မှုထမ်းအတွက် အစားထိုး လူငှား ခေါ်ယူရ ခက်ခဲလာတာ၊ ရွေးကောက်ပွဲအတွက် လုံခြုံရေးအင်အား အများအပြား လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့…

စစ်ကော်မရှင်က လက်လွှတ်ထားရတဲ့ နယ်မြေတွေကိုပါ မဲဆန္ဒနယ်သတ်မှတ်

နေပြည်တော် ၊ ဩဂုတ် ၁၇ လာမယ့် ဒီဇင်ဘာမှာ စစ်တပ်ကနေ အပိုင်းလိုက် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်တစ်ခုချင်းစီအလိုက် နိုင်ငံတဝန်းရှိ မြို့နယ်အားလုံးကို မဲဆန္ဒနယ်မြေတွေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၁၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ မြို့နယ်ပေါင်း ၃၃၀ ကို မဲဆန္ဒနယ်မြေတွေအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့တဲ့ထဲမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့…

ရွေးကောက်ပွဲနှောင့်ယှက်ရင် ထိရောက်တဲ့ပြစ်ဒဏ်ချဖို့ စစ်ကော်မရှင် တရားသူကြီးချုပ်ပြော

နေပြည်တော်၊ ဩဂုတ် ၁၇ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ စွဲဆိုလာတဲ့အမှုတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ စစ်ကော်မရှင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပြောပါတယ်။ သြဂုတ် ၁၄ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက တရားလွှတ်တော်တွေနဲ့တရားရုံးအသီးသီးကို ညွှန်ကြားခဲ့တာပါ။ အဲဒီအစည်းအဝေးအတွင်း ဦးသာဌေးက တရားသူကြီးတွေ၊ တရားရေးအရာရှိတွေနဲ့…

ပလတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးထား

ပုလော၊ ဩဂုတ် ၁၇ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရက်ပေါင်းနှစ်ဆယ်ကျော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၃ သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။ အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပလမြို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်‌ရေးအင်အားစုပူးပေါင်းတပ်တွေနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၄…

တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘော တွေ့ဆုံဆွေးနွေး

အန်နင်း၊ သြဂုတ် ၁၆ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အန်နင်းမြို့မှာ သြဂုတ် ၁၅ ရက်က တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ကြရာမှာ အားလုံးက မြန်မာနိုင်ငံ တည်ငြိမ်ရေး ကူညီပေးဖို့နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ပူးပေါင်းတိုက်ဖျက်ရေး ကတိပြုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က လေးနှစ်နိုင်ငံ ပထမဆုံး ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း မြန်မာ…

ယူကရိန်းအရေး ပူတင်နဲ့ သဘောတူညီမှု မရခဲ့ပေမယ့် အခြေအနေ တိုးတက်မှု ရှိတယ်လို့ ထရန့် ပြော

အလက်စကား၊ သြဂုတ် ၁၆ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးရာမှာ မိမိတို့ သဘောတူညီမှု မရနိုင်ခဲ့ပေမယ့် အခြေအနေ တိုးတက်မှု ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။ အလက်စကားမှာ ၃ နာရီ နီးပါးကြာအောင် တွေ့ဆုံခဲ့ပြီးနောက် ထရန့်က ကျွန်တော်တို့ သဘောတူညီမှု ရတဲ့အထိ မရောက်နိုင်ခဲ့ပါဘူးလို့ မီဒီယာကို…

BGF တပ်သားသစ် ၅၀၀ ကျော် သင်တန်းဆင်း

မြဝတီ၊ သြဂုတ် ၁၆ အင်အားရာချီပါဝင်တဲ့ အခြေခံစစ်သင်တန်းဆင်းပွဲတစ်ခုကို ကရင်နယ်ခြားစောင့် BGF အဖွဲ့က ဩဂုတ် ၁၅ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့နယ် သစ်ကတေကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ BGF သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) အမှတ် ၂ စစ်ဒေသက ဖွင့်လှစ်လိုက်တဲ့ အပတ်စဉ် ၁၉/၂၀၂၅ သင်တန်းဆင်းပွဲကို ဩဂုတ် ၁၅ ရက်နေ့ မနက်ပိုင်းက…

ရေဖြူမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရေဖြူ၊ ဩဂုတ် ၁၆ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်းကျေးရွာနဲ့မရမ်းချောကျေးရွာကြားမှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ အင်အား ၁၇၀ လောက်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ မနေ့ သြဂုတ် ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ စစ်ကြောင်း ထပ်ထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အချိန် ၂…

မိုးကုတ်မှာ စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

မိုးကုတ်၊ ဩဂုတ် ၁၆ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိလာတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က သြဂုတ် ၁၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်း ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က ဩဂုတ် ၁၄ ရက် ည ၈ နာရီခွဲအချိန်ခန့်မှာ…

စစ်အာဏာသိမ်း (၁၆၅၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၀၆၆) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၁၆ AAPP ရဲ့ သြဂုတ် ၁၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၅၇) ရက်အတွင်း ပြည်သူ (၇၀၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၅၄၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…