August 15, 2025

မိုးကုတ်မှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား ၈ ဦး သေဆုံး

မိုးကုတ်၊ ဩဂုတ် ၁၅ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက် ည ၈ နာရီခွဲအချိန်ခန့်မှာ မိုးကုတ်မြို့အရှေ့ပိုင်း ရွှေကူရပ်ကွက်ရှိ…

ရေးက Non CDM ကျောင်းဆရာမ လေးဦး ခံဝန်နဲ့ ပြန်လွတ်လာ

ရေး၊ ဩဂုတ် ၁၅ မွန်ပြည်နယ် ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ Non CDM ကျောင်းဆရာမ လေးဦးကို ခံဝန်ကတိ လက်မှတ်ထိုးစေပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ နှစ်ခုက ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ သြဂုတ် ၁၄ ရက်နေ့ မနက်ပိုင်းမှာ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်…

ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ ဘယ်လို စိန်ခေါ်မှုတွေ ကြုံတွေ့ရနိုင်သလဲ။

“အောက်ခြေမှာတော့ လက်ရှိခက်ခဲတဲ့ စိန်ခေါ်မှုတွေက လက်တွေ့ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်အရာတွေ အားလုံးဖြစ်နေတယ်။ အကာအကွယ်မရှိဘူး။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေက ဖြတ်ကျော်ရမှာပဲလေ” – နိုင်သန်းရွှေ (MUP ပါတီ) ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လုံခြုံရေးအပါအဝင် မဲဆွယ်စည်းရုံးရေးတွေမှာ အခက်အခဲ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ ပါတီတချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။…

မြောက်ကိုရီးယားနဲ့ စစ်ရေး ယုံကြည်မှု တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ ကြွေးကြော်

ဆိုးလ်၊ သြဂုတ် ၁၅ ဆိုးလ်အစိုးရနဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်ဖို့ စိတ်မဝင်စားဘူးလို့ ပြုံးယမ်းက ပြောကြားပြီး တစ်ရက်အကြာမှာ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားရဲ့ နိုင်ငံရေးစနစ်အပေါ် လေးစားသမှု ထားရှိပြီး စစ်ရေး ယုံကြည်မှု တည်ဆောက်သွားမယ်လို့ သြဂုတ် ၁၅ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။ ဇွန်လမှာ ရွေးကောက်ခံရပြီးနောက်ပိုင်း သမ္မတ လီက အရင် သမ္မတဟောင်းရဲ့…

နိုဘယ်ဆု လိုချင်ကြောင်း ထရန့်က နော်ဝေဝန်ကြီးကို ပြော

အော်စလို၊ သြဂုတ် ၁၅ အခွန်ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြီးခဲ့တဲ့လအတွင်း နော်ဝေ ဘဏ္ဍာရေးဝန်ကြီးဆီ ဖုန်းခေါ်ဆိုချိန်မှာ သူ့အနေနဲ့ နိုဘယ် ငြိမ်းချမ်းရေးဆု ရချင်ကြောင်း ပြောကြားခဲ့တယ်လို့ နော်ဝေး စီးပွားရေး နေ့စဉ်ထုတ် သတင်းစာ Dagens Naeringsliv က သြဂုတ် ၁၄ ရက်မှာ ဖော်ပြပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိအောင်…