ဒါကာ၊ သြဂုတ် ၁၄
လာမယ့် ဖေဖော်ဝါရီမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးဖို့ ဘင်္ဂလားဒေ့ချ် အိမ်စောင့်အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ ပြီးမြောက်အောင် အလျင်အမြန် လုပ်ဆောင်နေပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်က ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေကြုံတွေ့ခဲ့ရပြီးနောက် ဒါက ပထမဆုံး ရွေးကောက်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေကို ပဲ့ကိုင်ထိန်းကျောင်းဖို့ တာဝန်ပေးခံထားရတဲ့ ယာယီအစိုးရ အကြံပေးအရာရှိချုပ် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနာ့စ်က ဒီမိုကရေစီစနစ် ပြန်လည်ကျင်းသုံးရေး ၊ယုံကြည် စိတ်ချရတဲ့ ရွေးကောက်ပွဲ ကျင်းပရေး ကတိပြုထားပါတယ်။
မိမိရဲ့ အလုပ်ဟာ အများလက်ခံတဲ့၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဖြစ်တယ်လို့ ယူနာ့စ်က ပြောကြားပါတယ်။
မိမိတို့ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးစနစ်ဟာ တလွဲ အသုံးချခံရပြီး အကျင့်ပျက်မှုတွေ ရှိခဲ့တာကြောင့် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ရဦးမယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ကာလကြာရှည် အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ် ရှိတ်ချ် ဟာဆီနာ နိုင်ငံတွင်းက ထွက်ပြေးသွားခဲ့ရပါတယ်။
ဟာဆီနာဟာ ဆန့်ကျင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းပြီး သူ့ရဲ့ အစိုးရအဖွဲ့ဟာ ကျယ်ပြန့်တဲ့ အကျင့်ပျက်ခြစားမှု ရှိသလို အာဏာရှင်ဆန်ဆန် အုပ်ချုပ်တယ်လို့ စွပ်စွဲခံခဲ့ရ ပါတယ်။
ဆန္ဒပြပွဲများအတွင်း သူ့ရဲ့ ညွှန်ကြားမှုကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
ဟာဆီနာကို သူ့ရဲ့ မျက်ကွယ်မှာ ဘင်္ဂလားဒေ့ချ် တရားရုံးက စွဲချက်တွေ တင်ထားပြီး ပြန်လွှဲအပ်ပေးဖို့ အိန္ဒိယကို တောင်းဆိုထားပေမယ့် အိန္ဒိယက သူ့ကို ကာကွယ်ပေးထားပါတယ်။
Ref:CNA