တနင်္သာရီ၊ ဩဂုတ် ၇
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်တပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ပုခက်ထဲအိပ်နေတဲ့ ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ မြန်မာစစ်တပ်ဟာ တိုက်ပွဲမရှိဘဲ လယ်တောင် ယာကျေးရွာ ပတ်ဝန်းကျင်ကို လက်နက်ကြီးငါးလုံး ထက်မနည်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပုခက်ထဲ အိပ်နေတဲ့ အသက် တစ်နှစ်အရွယ် ကလေးငယ် တစ်ဦး ပွဲချင်း သေဆုံးခဲ့ပါတယ်။
ဒီလက်နက်ကြီး ပစ်ခတ်မှုဟာ လယ်တောင်ယာကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ထိမှန်သေဆုံးခဲ့တဲ့ ကလေးငယ်ကိုတော့ သြဂုတ် ၆ ရက်နေ့ မနက်ပိုင်း သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ကလည်း တနင်္သာရီမြိုနယ် ရမ်းဖိုကျေးရွာမှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက် ကြီး ထိမှန်လို့ စစ်ရှောင်ကလေးငယ်နှစ်ဦး ဒဏ်ရာရပြီး နေအိမ်မီးလောင်ပျက်စီးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media