ရေး၊ ဇူလိုင် ၂၃

မွန်ပြည်နယ် ရေးမြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို Tiktok အကောင့်မှာ မွေးနေ့ဆုတောင်းပေးတဲ့ ဒေသခံအမျိုးသမီး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် မယမင်း (ခေါ်) လင်းလင်းကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာပါ။

စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးတဲ့ “yaminLove”Tiktok အကောင့်ပိုင်ရှင်ဖြစ်တဲ့ မယမင်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ မယမင်းကို ရေးမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်ဖို့ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့အ တွက် လူမှုကွန်ရက်မှာ ဆုတောင်းပေးသူ အနည်ဆုံး လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ မြန်မာအသံနဲ့ ရုပ်မြင်သံကြား MRTV ဝန်ထမ်းတစ်ဦးလည်း ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလိုင် ၂၁ ရက်နေ့ထုတ် အစီ ရင်ခံစာအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် လူပေါင်း ၃၀၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.