ပါရီ၊ ဇူလိုင် ၁၄
ဥရောပရဲ့ လွတ်လပ်ခွင့်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြင်သစ်သမ္မတ အမ်မန်နူရယ် မက်ကရွမ်က ပြောကြားပြီး ကာကွယ်ရေး အသုံးစရိတ် ကြီးကြီးမားမား တိုးမြှင့်မယ့် အစီအစဉ်တွေကို ချပြလိုက်ပါတယ်။
ပါရီမြို့မှာ စစ်တပ်ကို မိန့်ခွန်းပြောကြားရာမှာ သူက ပထဝီနိုင်ငံရေး အရှုပ်အထွေးကြောင့် မိမိတို့ဟာ အရေးကြီးတဲ့အချိန် အခိုက်အတန့် တစ်ခုမှာ နေနေရတယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ကို လာမယ့်နှစ်မှာ ယူရို ၃ ဒသမ ၅ ဘီလီယံ တိုးမြှင့်ပြီး ၂၀၂၇ ခုနှစ်မှာ နောက်ထပ် ယူရို ၃ ဘီလီယံ တိုးမြှင့်ဖို့ သမ္မတ မက်ကရွမ်က တိုက်တွန်းထားပါတယ်။
ရုရှားရဲ့ အန္တရာယ်ကို ရည်ညွှန်းပြီးတော့ သူက ဘုရင်စနစ်လို မူဝါဒတွေနေနဲ့ တိုက်ခိုက်သိမ်းပိုက်နေတဲ့ အင်အားကြီးနိုင်ငံတွေကို ပြစ်တင် ရှုတ်ချပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ မော်စကိုက ယူကရိန်းကို အပြည့်အဝ ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မူလစီစဉ်ထားတာထက် သုံးနှစ်စောပြီးတော့ ပြင်သစ်ဟာ စစ်အသုံးစရိတ်ကို ၂၀၂၇ ခုနှစ်မှာ သုံးဆတိုးမယ်လို့ မက်ကရွမ်က ကတိပြုထားတာပါ။
၂၀၁၇ ခုနှစ်မှာ ပြင်သစ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ယူရို ၃၂ ဘီလီယံ ရှိခဲ့ပြီး အဲဒီအစီအစဉ်အရ နှစ်နှစ်အတွင်း ယူရို ၆၃ ဘီလီယံ အထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။
အဲဒီ အဆိုပြုချက်တွေကို ပြင်သစ်အစိုးရက အတည်ပြုပေးဖို့ လိုနေပါသေးတယ်။
ဒီကမ္ဘာကြီးမှာ လွတ်လပ်ဖို့အတွက် ကြောက်ရွံ့ရမှာ ဖြစ်ပြီး ကြောက်ရွံ့မှပဲ အင်အားကောင်းလာမှာ ဖြစ်တယ်လို့ သူက ဇူလိုင် ၁၄ ရက် ပြင်သစ် အမျိုးသားနေ့ အကြိုနေ့ မိန့်ခွန်းမှာ ပြောပါတယ်။
နျူကလီးယား အင်အားတွေ ပြန်သုံးလာနိုင်တဲ့ အခြေအနေနဲ့ ကမ္ဘာကြီး ရင်ဆိုင်နေရပြီး ကြီးမားတဲ့ ပဋိပက္ခတွေလည်း ပျံ့နှံ့လာနေတယ်လို့ မက်ကရွမ်က ပြောပါတယ်။
နေတိုး အဖွဲ့ဝင်နိုင်ငံတွေက နှစ်စဉ် GDP ရဲ့ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲဖို့ ပြီးခဲ့တဲ့လမှာ ကတိပြုခဲ့ကြပြီး အရင်က ၂ ရာခိုင်နှုန်း သုံးစွဲရေး ရည်မှန်းချက်ထက် ပိုများလာတာ ဖြစ်ပါတယ်။
Ref:BBC