မော်လမြိုင်၊ ဇူလိုင် ၁၂
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၂၀ ကျော်ဟာ တော် လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ထံကနေ သိရပါတယ်။
အလင်းဝင်လာသူတွေထဲမှာ စစ်ကောင်စီတပ်သား ၁၁၀ ဦး၊ အဲဒီထဲမှာ ပြည်သူ့စစ်မှုထမ်းတပ်သား ၅၂ ဦး ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင် ငါးဦးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ခြောက်ဦး၊ စုစုပေါင်း ၁၂၁ ဦး အလင်းဝင်ခဲ့တာပါ။
တိုင်းနဲ့ပြည်နယ်အလိုက် အလင်းဝင်မှုအရ ရခိုင်ပြည်နယ်မှာ ၅၀ ဦး၊ တနင်္သာရီတိုင်းမှာ ၂၀ ဦး၊ ပဲခူးတိုင်းမှာ ၁၂ ဦး၊ မန္တလေးတိုင်းမှာ ၁၀ ဦးနဲ့ အများဆုံး အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်နက်ချသူ ၅၀ ဦး ရှိပြီး အဲဒီထဲက စစ်ကောင်စီတပ်သားအားလုံးဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ တော်လှန်ရေးအဖွဲ့တွေထံ လက်နက်ချထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၁၀၉ ဦး ရှိပြီး မန္တလေးတိုင်းမှာ ရှစ်ဦး၊ စစ်ကိုင်းတိုင်း ၂၇ ဦး၊ ပဲခူးတိုင်း ၂၅ ဦး၊ ကရင်ပြည်နယ် လေးဦး၊ မကွေးတိုင်း ၄၅ ဦး ပါဝင်ပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ အလင်းဝင်တာ၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၁၄၉၂ ဦးအထိ ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF