မော်လမြိုင်၊ ဇူလိုင် ၉

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဟာ မွန်ပြည် နယ်ရဲ့ မြို့နယ် ၇ မြို့နယ်မှာ ပါတီရုံးခန်းဆက်လက်ဖွင့်လှစ်သွားမယ်လို့ ပါတီဗဟိုဘက်က အသိပေးထုတ်ပြန်ပါတယ်။

ကျားဖြူပါတီဟာ ဇွန်လနောက်ဆုံးအပတ်အတွင်း မွန်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ မြို့နယ်ပါတီရုံးတွေ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီထံကနေ ပြည်ထောင်စုတဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် ပါတီမှတ်ပုံတင်ရရှိထားတဲ့ ကျားဖြူပါတီဟာ လက်ရှိအချိန်အထိ နိုင်ငံတဝန်းက မြို့ပေါင်း ၁၃၃ မြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ထားတာပါ။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ပါတီလို့ အမည်ပြောင်းလဲထားတဲ့ ကျားဖြူပါတီဟာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံတဝန်းမှာ ပါတီရုံးခန်းတွေ ဆက်လက်ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

ကျားဖြူပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ ၂၀၁၅နဲ့ ၂၀၂၂ အထွေထွေရွေးကောက်ပွဲတို့မှာ လွှတ်တော်ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရရှိခဲ့တာပါ။

ဒါပေမယ့် ကျားဖြူပါတီဟာ စစ်အစိုးရက ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦး အနိုင်ရရှိခဲ့ပြီး ဝန်ကြီးနဲ့ဒုဝန်ကြီး ခြောက်ဦးအထိ နေရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SNDP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.