နေပြည်တော် ၊ ဇူလိုင် ၁

ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဖန်တီးပြု လုပ်တာဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်တဲ့အပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားခြင်းလို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။

ဇူလိုင် ၁ ရက်နေ့မှာ ထုတ်လွှင့်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ထည့်သွင်းပြောကြားခဲ့တာပါ။

စစ်အုပ်စုက ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲတစ်ခုကို အ တင်းအကျပ်ပြုလုပ်နိုင်ဖို့ စိုင်းပြင်းနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒီအပေါ် ဝင်ပြိုင်ဖို့ မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေဟာ ၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင် ပြည်ထောင်စုလွှတ်တော်နေရာ ၁၀ ရာခိုင်နှုန်းပြည့်အောင် အနိုင်မရရှိခဲ့ကြတဲ့ လူထုထောက်ခံမှုမရှိတဲ့ ပါတီတွေလို့ ဆိုပါတယ်။

အခုလို လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဟန်ပြပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အ တုအယောင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဦးနေဘုန်းလတ်က NUG ရဲ့ ရပ်တည်ချက်နဲ့ သဘော ထားကို ထပ်ပြောလာတာပါ။

ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ ကြိုးစားနေတဲ့ တရားမဝင်စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်း ပပိုင်ခွင့် အခွင့်အာဏာမရှိသလို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲလို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေဟာ အခိုင်အမာတည်ရှိနေပြီး တရားမဝင် အတုအယောင်ရွေး‌ကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ပြေလည်စေမယ့် ထွက်ပေါက်မဟုတ်ဘူးလို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကနေ ၂၀၂၁ ခုနှစ် မတ် ၃၀ ရက်‌နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီးဖြစ်တာကြောင့် အဲဒီဥပဒေအ တိုင်း လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရးဝင်မှုမရှိတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေသာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မိမိတို့ရဲ့ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်နဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားမယ်လို့ ဦးနေဘုန်းလတ်က အသိပေးတာပါ။

ပြည်သူလူထုတရပ်လုံးအနေနဲ့လည်း စစ်အုပ်စုက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအ ယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဒီနှစ်ကုန်ပိုင်းမှာ မဲဆန္ဒနယ် ၂၆၀ မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ လျာထားပြီး အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုကာ မဲများသူအနိုင်ယူစနစ် FPTP နဲ့ အချိုးကျကိုယ် စားပြုစနစ် PR တို့ကို ကျင့်သုံးသွားမယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.