July 2025

ပခုက္ကူနဲ့ ပေါက်လမ်းပိုင်းက စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့တိုက်ပွဲ ၂ ပတ်ကျော် ကြာမြင့်လာ

မကွေး ဇူလိုင် ၃၁ မကွေးတိုင်း ပခုက္ကူမြို့နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပခုက္ကူနဲ့ ပေါက်မြို့ကြား လမ်းပိုင်းမှာ ၁၅ ရက်ကျော်ကြာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေကြား ဇူလိုင် ၁၅ ရက်ဝန်းကျင်က ပြင်းထန်တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားပြီးတဲ့နောက် ဇူလိုင် ၃၁ ရက်အထိ နေ့ည…

စစ်သုံ့ပန်းတွေ ပြန်လွှဲပေးဖို့ ထိုင်းကို ကမ္ဘောဒီးယား တောင်းဆို

ဖနွမ်းပင်၊ ဇူလိုင် ၃၁ ဆယ်စုနှစ်များစွာအတွင်း အိမ်နီးချင်း နှစ်နိုင်ငံကြား အပြင်းထန်ဆုံး နယ်စပ် တိုက်ခိုက်မှု ရပ်တန့်ဖို့ အပစ်အခတ်ရပ်စဲလိုက်ပြီးနောက် နာရီပိုင်းအကြာမှာ ဖမ်းဆီးသွားတယ်ဆိုတဲ့ စစ်သား ၂၀ ကို ပြန်လွှဲအပ်ဖို့ ကမ္ဘောဒီးယားက ထိုင်းကို ဇူလိုင် ၃၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ နှစ်ဖက်စလုံးမှာ လူ ၄၃ ဦး သေဆုံးခဲ့တဲ့ ၅ ရက်ကြာ…

ဒီဂျစ်တယ် မှတ်ပုံတင်စီမံကိန်းအတွက် စစ်ကောင်စီကို ကူညီပေးမယ်လို့ အိန္ဒိယ ကတိပြု

နေပြည်တော်၊ ဇူလိုင် ၃၁ စောင့်ကြည့်ထောက်လှမ်းမှုနဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာ စစ်ကောင်စီဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဒီဂျစ်တယ် မှတ်ပုံတင် စနစ်အတွက် တရားဝင် လက်တွဲဖော်တွေနဲ့ ရှေ့ဆက်ဆောင်ရွက်ဖို့ ကြိုးပမ်းနေပါတယ်။ မြန်မာ့ ဒီဂျစ်တယ် မှတ်ပုံတင်စီမံကိန်းအတွက် အိန္ဒိယနဲ့ မြန်မာတို့ နေပြည်တော်မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး လက်တွဲဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြကြိုင်နဲ့ အိန္ဒိယသံအမတ်ကြီး…

စစ်အုပ်စုရဲ့ အစိုးရအဖွဲ့သစ်မှာ ပညာရေးဝန်ကြီးဌာန မေ့ကျန်ခဲ့လို့ ပြန်ထည့်

နေပြည်တော်၊ ဇူလိုင် ၃၁ စစ်အုပ်စုရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်မှာ ပညာရေးဝန်ကြီးဌာန ပါဝင်ခြင်းမရှိတာကြောင့် ပြန်လည်ဖြည့်စွက်ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။ စစ်အုပ်စုဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကို ဝန်ကြီးဌာန ၃၀ နဲ့ ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် စစ်အုပ်စု ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ…

စစ်ကောင်စီတပ်သားနှစ်ဦး ရာမညမွန်တပ်တော်ထံ အလင်းဝင်

မော်လမြိုင်၊ ဇူလိုင် ၃၁ မွန်ပြည်နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီရဲ့ တပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရာမညမွန်တပ်တော် RMA က သတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးဟာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၄၂ တပ်ရင်းက တပ်သားတွေ ဖြစ်ပြီး ဇူလိုင် ၂၂ ရက်နေ့မှာ ရာမညမွန်တပ်တော်ထံ အလင်းဝင်ခဲ့တာပါ။…

ဒုတိယစာမျက်နှာ ဆက်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဇူလိုင် ၃၁ လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်ချက်တွေကို ပြင်ဆင်နေချိန်မှာ ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ နိုင်ငံ့အာဏာကို သိမ်းယူမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့လိုအပ်ချက်အရ စစ်ကောင်စီအနေနဲ့ နိုင်ငံ့တာ ဝန်တွေကို ထမ်းဆောင်ခဲ့တာ လေးနှစ်ခွဲကာလကို ရောက်ရှိခဲ့ပြီးလို့ ဇူလိုင် ၃၀ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။…

စစ်ကောင်စီခင်းတဲ့ ရွေးကောက်ပွဲလမ်းက ပါတီတွေအတွက် ဘယ်လောက် အာမခံချက်ရှိလဲ။

“လုံခြုံရေးကတော့ နိုင်ငံရေးပါတီ သေးသေးလေးက ဘယ်လိုမှ စိတ်မချရတဲ့ အခြေအနေပါပဲလေ။ ဘာကိုမှလည်း အစိုးမရနိုင်တော့ ကိုယ့်လုံခြုံရေး ကိုယ့်တာဝန်ပဲ ဖြစ်နေသေးတာပေါ့” – မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦး စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ကြေညာထားတဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကို ဇူလိုင် ၃၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးကနေ ရုတ်သိမ်းလိုက်ပါတယ်။ နယ်မြေတည်ငြိမ်ဖို့နဲ့ ရွေးကောက်ပွဲ…

စစ်ကောင်စီက အရေးပေါ်အခြေအနေ ပယ်ဖျက်ပြီး ကော်မရှင်အသစ်ဖွဲ့စည်း

နေပြည်နေ‌တော်၊ ဇူလိုင် ၃၁ စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တပ်ချုပ်ကို နိုင်ငံ့အာဏာလွှဲအပ်စေခဲ့တဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ကို ပယ်ဖျက်လိုက်ပြီး ကော်မရှင်အသစ် ဖွဲ့စည်းလိုက်လို့ ဒီကနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နဲ့ ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာပြီး တပ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံ့တာဝန် လွှဲအပ်စေခဲ့တဲ့ ကိစ္စအပေါ်…

စစ်အာဏာသိမ်း (၁၆၄၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၀၁၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၃၀ AAPP ရဲ့ ဇူလိုင်၃၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၄၁) ရက်အတွင်း ပြည်သူ (၇၀၁၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၄၇၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၃၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ကောင်စီ သေချာပေါက် ရွေးကောက်ပွဲ ကျင်းပမယ်လို့ နိုင်ငံရေးပါတီတွေပြော

နေပြည်တော် ၊ ဇူလိုင် ၃၁ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ၆ လ တစ်ကြိမ် တိုးယူထားတဲ့ စစ်ကောင်စီရဲ့ သက် တမ်းဟာ ကုန်ဆုံးဖို့ ရက်ပိုင်းနီးကပ်လာချိန်မှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို တစ်ခုပြီးတစ်ခု ပြဌာန်းထုတ်ပြန်လာပါတယ်။ အဓိက လွှတ်တော်သုံးရပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေရဲ့ ရွေးကောက်ပွဲဥပဒေကို စစ်ကောင်စီက ဆဌမအကြိမ် ပြင်ဆင်တဲ့ ဥပဒေအဖြစ် ဇူလိုင်…