ပုလော၊ ဇွန် ၂၈
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်း ဝင်ရောက်တိုက် ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြား ရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျောက္ကာကျေးရွာအလယ်ပိုင်းမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းကို ဇွန် ၂၇ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိသလို စစ်ကောင်စီထံကနေ သေနတ် ၅ လက်နဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့ကလည်း ပုလောမြို့နယ် တပိုကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး ထိခိုက်သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ