အနာနဲ့ဆေးမတည့်တဲ့ ငြိမ်ချမ်းရေးဖိုရမ်အပေါ် တော်လှန်ရေးအင်အားစုတွေ ဘာပြောလဲ
နေပြည်တော် ၊ ဇွန် ၂၉ နေပြည်တော်မှာ သုံးရက်တာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ သုံးသပ်ဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ ပလဲနံသင့်ကြတဲ့ အစုအဖွဲ့တွေအားလုံးက ရွေးကောက်ပွဲကျင်းပနိုင်ရေးဆိုင်ရာ အစီအမံတွေကို အလေးပေးဆွေးနွေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ပဋိပက္ခအပြီး ပြန်လည်တည်ဆောက်ရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC…