April 2025

ရှမ်းပြည်နယ်ရှိ တရုတ်မိုင်းတွင်းကြောင့် ထိုင်းနိုင်ငံက ကော့မြစ် အဆိပ်သင့်နေ

ဘန်ကောက် ဧပြီ ၅ ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ချင်းရိုင်ပြည်နယ်တွေကို ဖြတ်သန်းစီးဆင်းနေတဲ့ ကော့မြစ် တလျှောက်မှာ နေထိုင်ကြသူတွေအနေနဲ့ မြစ်ရေထဲမှာ အာဆင်းနစ်အဆိပ်ဓာတ်တွေ လွန်လွန်ကဲကဲရှိနေလို့ သုံးစွဲခြင်းမပြုကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ အဲဒီအဆိပ်ဓာတ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ မုံဆိုင်းမြို့က ကျယ်ပြန့်တဲ့ ရွှေမိုင်းတွင်း လုပ်ငန်းတွေကနေ ရောက်လာတာလို့ Thai PBS သတင်းမှာ ရေးပါတယ်။ မယ့်အိုင်ခရိုင်မှာရှိတဲ့ ကော့မြစ်ထဲက…

စစ်အာဏာသိမ်း (၁၅၂၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၅ AAPP ရဲ့ ဧပြီ ၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၂၄) ရက်အတွင်း ပြည်သူ (၆၄၈၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၉၉၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၈၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

အပစ်ရပ်ကြေညာထားပေမယ့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စစ်ကောင်စီ ဆက်လုပ်နေ

နေပြည်တော် ၊ ဧပြီ ၅ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် တည်ငြိမ်ရေးကို ရှေးရှုကာ ယာယီအပစ်ခတ်ရပ်စဲတယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီက ၂၄ နာရီ မပြည့်မီမှာဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုကာ ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ သုံးပတ်အကြာ ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် စစ်ကောင်စီတပ်က ဧပြီ…

စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာမှု အာဏာတည်မြဲရေး ကြိုးပမ်းမှုလို့ KNU ပြော

မော်လမြိုင်၊ ဧပြီ ၅ စစ်ကောင်စီရဲ့ ယာယီအပစ်ရပ်ကြေညာချက်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုခြင်းကို လက်ခံရန်အတွက် ကြိုးစားချဉ်းကပ်နေခြင်းနဲ့ အာဏာတည်မြဲဖို့အတွက် ရှေးရှုနေခြင်းသာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ သုံးပတ်အကြာ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် စစ်ကောင်စီက ထုတ်ပြန်ကြေညာထားကာ အဲဒီကြေညာချက်ဟာ…

ကျိုက်ထိုမှာ ငါးကန်လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ပစ်သတ်

ကျိုက်ထို၊ ဧပြီ ၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စွပ်ပနူးကျေးရွာ သုသာန်အနီးနေ ငါးကန်လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ပစ်သတ်ပြီးနောက် အလောင်းကိုပါ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၄ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ စစ်ကား ငါးစီးနဲ့ တပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ အသက် ၅၀ ကျော်အရွယ်ရှိ…

မွန်ပြည်ဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်အခြေခံမူကို မွန်အမျိုးသားညီလာခံမှာ ဆွေးနွေးနေ

မော်လမြိုင် ၊ ဧပြီ ၅ လက်ရှိ ကျင်းပနေတဲ့ ၂၀၂၅ မွန်အမျိုးသားညီလာခံမှာ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနဲ့ ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူတွေကို ဆွေးနွေးနေတယ်လို့ မွန်ပြည်သစ်ပါတီက သတင်းထုတ်ပြန်ပါတယ်။ ညီလာခံတတိယရက် ဧပြီ ၄ ရက်‌နေ့မှာ အစီအစဉ် ၁၂ ချက်နဲ့ မွန်အမျိုးသားညီလာခံကို ဆက်လက်ကျင်းပပြီး အရင်ရက်တွေမှာ ကိုယ်စားလှယ်တွေ ဆွေးနွေးထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအ‌ခြေခံမူကို နယ်ပယ်အလိုက် ပြန်လည်တင်ပြကြတာပါ။ ဒါ့အပြင် မွန်လူမျိုးပေါင်းစည်းရေးအဖွဲ့ကို…

တောင်ကိုရီးယားသမ္မတကို ရာထူးကနေ ဖယ်ရှားဖို့ တရားရုံး ဆုံးဖြတ်

ဆိုးလ်၊ ဧပြီ ၄ တစ်ဖက်သတ် စစ်အုပ်ချုပ်ရေးကြေညာပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်မှုနဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်အပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်မှုနဲ့ စွပ်စွဲ ပြစ်တင်မှုကို တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဧပြီ ၄ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အရပ်ဘက်အုပ်ချုပ်ရေးကို အဆုံးသတ်ပြီး စစ်အုပ်ချုပ်ရေး ကြေညာဖို့ ဒီဇင်ဘာ ၃ ရက်…

Signal မက်ဆေ့ချ် ပေါက်ကြားမှု အမေရိကန် ကာကွယ်ရေးဝန်ကြီး စုံစမ်းစစ်ဆေးခံရ

ဝါရှင်တန်၊ ဧပြီ ၄ ယီမင်နိုင်ငံမှာ တိုက်ခိုက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိတ်ချ် ဟက်ဆေ့ချ်ရဲ့ Signal မက်ဆေ့ချ် အက်ပလီကေးရှင်း အသုံးပြုမှုနဲ့ ပတ်သက်ပြီး ပင်တဂွန် စုံစမ်း စစ်ဆေးရေးမှူးရုံးက စစ်ဆေးသွားမှာ ဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ဧပြီ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ ယီမင်နိုင်ငံရှိ ဟိုသီအဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အဲဒီအစီအစဉ်အကြောင်း…

အပစ်ရပ်‌ကြေညာထားပေမယ့် စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေတယ်လို့ TNLA ပြော

သပိတ်ကျင်း၊ ဧပြီ ၄ ညီနောင်မဟာမိတ်သုံးဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ အခက်အခဲတွေကို စာနာထောက်ထားတဲ့အနေနဲ့ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ထားပေမယ့် စစ်ကောင်စီက ထိုးစစ်တွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့က အပစ်ရပ်ကြေညာထားပေမယ့် စစ်ကောင်စီဟာ ဧပြီ ၃ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ…

BIMSTEC အစည်းအဝေးပြင်ပမှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

ဘန်ကောက် မတ် ၄ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီတို့ဟာ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ BIMSTEC ထိပ်သီးအစည်းအဝေး ပြင်ပမှာ တွေ့ဆုံခဲ့ကြပါတယ်။ မတ် ၄ ရက် သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုမှာတော့ အိန္ဒိယဝန်ကြီးချုပ်က ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုတွေ အသက်ရှုံးဆုံးရမှုတွေအတွက် ဝမ်းနည်းကြောင်း ထပ်မံ ပြောကြားခဲ့တယ်လို့ X လူမှုမီဒီယာမှာ ရေးပါတယ်။ ဒီလိုမျိုး…