April 2025

စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာမှု အာဏာတည်မြဲရေး ကြိုးပမ်းမှုလို့ KNU ပြော

မော်လမြိုင်၊ ဧပြီ ၅ စစ်ကောင်စီရဲ့ ယာယီအပစ်ရပ်ကြေညာချက်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုခြင်းကို လက်ခံရန်အတွက် ကြိုးစားချဉ်းကပ်နေခြင်းနဲ့ အာဏာတည်မြဲဖို့အတွက် ရှေးရှုနေခြင်းသာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ သုံးပတ်အကြာ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် စစ်ကောင်စီက ထုတ်ပြန်ကြေညာထားကာ အဲဒီကြေညာချက်ဟာ…

ကျိုက်ထိုမှာ ငါးကန်လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ပစ်သတ်

ကျိုက်ထို၊ ဧပြီ ၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စွပ်ပနူးကျေးရွာ သုသာန်အနီးနေ ငါးကန်လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ပစ်သတ်ပြီးနောက် အလောင်းကိုပါ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၄ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ စစ်ကား ငါးစီးနဲ့ တပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ အသက် ၅၀ ကျော်အရွယ်ရှိ…

မွန်ပြည်ဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်အခြေခံမူကို မွန်အမျိုးသားညီလာခံမှာ ဆွေးနွေးနေ

မော်လမြိုင် ၊ ဧပြီ ၅ လက်ရှိ ကျင်းပနေတဲ့ ၂၀၂၅ မွန်အမျိုးသားညီလာခံမှာ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနဲ့ ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူတွေကို ဆွေးနွေးနေတယ်လို့ မွန်ပြည်သစ်ပါတီက သတင်းထုတ်ပြန်ပါတယ်။ ညီလာခံတတိယရက် ဧပြီ ၄ ရက်‌နေ့မှာ အစီအစဉ် ၁၂ ချက်နဲ့ မွန်အမျိုးသားညီလာခံကို ဆက်လက်ကျင်းပပြီး အရင်ရက်တွေမှာ ကိုယ်စားလှယ်တွေ ဆွေးနွေးထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအ‌ခြေခံမူကို နယ်ပယ်အလိုက် ပြန်လည်တင်ပြကြတာပါ။ ဒါ့အပြင် မွန်လူမျိုးပေါင်းစည်းရေးအဖွဲ့ကို…

တောင်ကိုရီးယားသမ္မတကို ရာထူးကနေ ဖယ်ရှားဖို့ တရားရုံး ဆုံးဖြတ်

ဆိုးလ်၊ ဧပြီ ၄ တစ်ဖက်သတ် စစ်အုပ်ချုပ်ရေးကြေညာပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်မှုနဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်အပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်မှုနဲ့ စွပ်စွဲ ပြစ်တင်မှုကို တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဧပြီ ၄ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အရပ်ဘက်အုပ်ချုပ်ရေးကို အဆုံးသတ်ပြီး စစ်အုပ်ချုပ်ရေး ကြေညာဖို့ ဒီဇင်ဘာ ၃ ရက်…

Signal မက်ဆေ့ချ် ပေါက်ကြားမှု အမေရိကန် ကာကွယ်ရေးဝန်ကြီး စုံစမ်းစစ်ဆေးခံရ

ဝါရှင်တန်၊ ဧပြီ ၄ ယီမင်နိုင်ငံမှာ တိုက်ခိုက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိတ်ချ် ဟက်ဆေ့ချ်ရဲ့ Signal မက်ဆေ့ချ် အက်ပလီကေးရှင်း အသုံးပြုမှုနဲ့ ပတ်သက်ပြီး ပင်တဂွန် စုံစမ်း စစ်ဆေးရေးမှူးရုံးက စစ်ဆေးသွားမှာ ဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ဧပြီ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ ယီမင်နိုင်ငံရှိ ဟိုသီအဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အဲဒီအစီအစဉ်အကြောင်း…

အပစ်ရပ်‌ကြေညာထားပေမယ့် စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေတယ်လို့ TNLA ပြော

သပိတ်ကျင်း၊ ဧပြီ ၄ ညီနောင်မဟာမိတ်သုံးဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ အခက်အခဲတွေကို စာနာထောက်ထားတဲ့အနေနဲ့ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ထားပေမယ့် စစ်ကောင်စီက ထိုးစစ်တွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့က အပစ်ရပ်ကြေညာထားပေမယ့် စစ်ကောင်စီဟာ ဧပြီ ၃ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ…

BIMSTEC အစည်းအဝေးပြင်ပမှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

ဘန်ကောက် မတ် ၄ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီတို့ဟာ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ BIMSTEC ထိပ်သီးအစည်းအဝေး ပြင်ပမှာ တွေ့ဆုံခဲ့ကြပါတယ်။ မတ် ၄ ရက် သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုမှာတော့ အိန္ဒိယဝန်ကြီးချုပ်က ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုတွေ အသက်ရှုံးဆုံးရမှုတွေအတွက် ဝမ်းနည်းကြောင်း ထပ်မံ ပြောကြားခဲ့တယ်လို့ X လူမှုမီဒီယာမှာ ရေးပါတယ်။ ဒီလိုမျိုး…

စစ်အာဏာသိမ်း (၁၅၂၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၄ AAPP ရဲ့ ဧပြီ ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၂၃) ရက်အတွင်း ပြည်သူ (၆၄၈၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၉၈၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၈၂၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ငလျင်ကယ်ဆယ်ရေးကာလ စစ်ကောင်စီရဲ့ ယာယီအပစ်ခတ်ရပ်စဲရေး တည်နိုင်မလား

နေပြည်တော် ၊ ဧပြီ ၄ မြန်မာနိုင်ငံမှာအင်အားပြင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကူညီကယ်ဆယ်ရေးတွေ ထိရောက်ဖို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဘက်က တစ်ဘက်သတ် အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာပြီးနောက် စစ်ကောင်စီလည်း အပစ်ရပ်ကြေညာလာပါတယ်။ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုကာ စစ်တပ်အနေနဲ့ ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။…

အပစ်ရပ်ကြေညာထားပေမယ့် မွန်ပြည်နယ်မှာ လေကြောင်းနဲ့ကင်းထောက်မှုတွေဆက်ရှိနေ

မော်လမြိုင်၊ ဧပြီ ၄ ရက်ပေါင်း ၂၁ ရက်အကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း စစ်ကောင်စီဘက်က ကြေညာထားပေမယ့် မွန်ပြည်နယ်မှာ လေကြောင်းနဲ့ ကင်းထောက်မှုတွေ ဆက်ရှိနေတယ်လို့ တော်လှန်ရေးအင် အားစုတွေထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတဝန်း ငလျင်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်ဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၂၂ ရက်နေ့ထိ…