မော်လမြိုင်၊ ဧပြီ ၂၂
နွေဦးတော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ မွန်၊ကရင်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လက် နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းနိုင်ခဲ့တယ်လို့ မဟာမိတ်အဖွဲ့တွေက ဧပြီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က မွန်၊ကရင်နဲ့ PDF တပ်တွေက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းလိုက်တဲ့အဖွဲ့တွေဟာ ဒေါနစစ်ကြောင်း(၃)(တပ်ခွဲ-၄၊တပ်ခွဲ-၆၊တပ်ခွဲ-၇)၊ KNU တပ်မဟာ ၆ တပ်ရင်း၂၇ ၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF တပ်ရင်း-၁ ၊ ဓဝယ်တပ်တော် DNLA တို့ ပါဝင်ပါတယ်။
မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ ရေဖြူမြို့နယ်အတွင်း ဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ထိရောက်စွာ ဟန့်တားနိုင်ဖိုနဲ့ စစ်ရေးအရ အချိတ်အဆက်မိမိ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
အခုလိုတွေ့ဆုံမှုဟာ မွန် ၊ကရင်နဲ့ PDF တပ်ဖွဲ့တွေအကြား အပြန်အလှန် ထိန်းကြောင်းနိုင်ရေးနဲ့ လိုအပ်တဲ့ အကူအညီတွေ အပြန်အလှန်ပေးအပ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်း(၃) စစ်ကြောင်းမှူးက ပြောဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီတွေ့ဆုံဆွေးနွေးမှုဟာ ရလဒ်ကောင်းတွေ ရရှိခဲ့ပြီး အောင်မြင်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ရရှိရေးအတွက်လည်း ဘုံသဘောတူညီချက်မတွေ ထားရှိပြီး ကြိုးစားဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KBDF/ဒေါနစစ်ကြောင်း