April 14, 2025

နှစ်ဆန်းတစ်ရက်နေ့ စစ်ခေါင်းဆောင်နဲ့ အာဆီယံ ဘန်ကောက်မှာ တွေ့မယ်

ဘန်ကောက် ဧပြီ ၁၄ မြန်မာနိုင်ငံမှာ မကြားသေးခင်က ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းလုပ်ဆောင်မှုတွေကို ဆွေးနွေးဖို့ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံဟာ အခုသီတင်းပတ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ရှိနေပါတယ်။ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်နဝါ အီဘရာဟမ်က အဲဒီအစည်းအဝေးဟာ ဆေးဘက်ဆိုင်ရာ အကူအညီတွေအပါအဝင် ထောက်ပံ့အကူအညီတွေ အဆင်ပြေချောမွေ့စေရေး ဖြည့်ဆည်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။…

မြန်မာနယ်စပ်မှာ နှစ်လကျော်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ အာဖရိကနိုင်ငံသားတွေ ဆန္ဒပြ

ဘန်ကောက် ဧပြီ ၁၄ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA နယ်မြေမှာ နှစ်လကျော်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်နေသူ အာဖရိကနိုင်ငံသားအများစု ပါဝင်တဲ့ နိုင်ငံခြားသား ၂၇၅ ဦးဟာ ဧပြီ ၁၃ ရက်က သောင်ရင်းမြစ်တလျှောက်မှာ ဆန္ဒဖော်ထုတ်ခဲ့ပြီး အိမ်ပြန်ချင်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ အီသီယိုးပီးယားနိုင်ငံသားအများစုနဲ့ တခြားအာဖရိကနိုင်ငံသားတွေဟာ DKBA ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုမှာ ထိန်းသိမ်းခံခဲ့ရတာ…

ကော့သောင်းမှာ အမျိုးသား ၁ ဦး နေအိမ်အတွင်း ပစ်သတ်ခံရပြီး သေဆုံး

ကော့သောင်း၊ ဧပြီလ ၁၃ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု သောင်ဖြူဖြူကျေးရွာမှာ အမျိုးသား ၁ ဦး ဧပြီ ၁၂ ရက် ညမှာ နေအိမ်အတွင်း ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီနေ့ ည ၇ နာရီကျော်ခန့်မှာ မြင့်လွင်ဦးဆိုသူ အမျိုးသားဟာ နေအိမ်မှာ ရှိနေချိန် ကော့သောင်းမြို့နယ် မြို့ပြပြောက်ကျား (ဗိုလ်သမန်းကျား)…

မြိတ်ခရိုင်တပ်ရင်း ၁ မှ ရဲဘော် ၂ ဦး မိုင်းကြောင့် ကျဆုံး

ပုလော ဧပြီလ ၁၄ တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော် ၂ ဦး မိုင်းကြောင့် ကျဆုံးခဲ့တယ်လို့ ဧပြီ ၁၃ ရက်မှာ သက်ဆိုင်ရာတပ်ရင်းက သတင်းထုတ်​ပြန်ထားပါတယ်။ ရဲဘော် ပေါက်ကျိုင်း ခေါ် မင်းခန့်က ဧပြီ ၈ ရက်နေ့မှာ ကျဆုံးခဲ့တာဖြစ်ပြီး ရဲဘော် ဗလ ခေါ် ကောင်းခန့်ကျော်ကတော့…

တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင်ကို သက်ဆင် အကြံပြု

ဘန်ကောက် ဧပြီ ၁၄ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အခုလအစောပိုင်းက ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်လို့ The Nation သတင်းမှာ ဖော်ပြပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီနိုင်ငံတကာ ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြောင်း ဧပြီ…