မကွေး မတ် ၁၈

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ကြက်သွန်စိုက်တောင်သူတွေ ကြက်သွန်တူးချိန် အရှုံးခံ ရောင်းချနေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ရေးဆိုင်ရာ ကောလာဟလတွေကြောင့် တူးရမယ့်ကာလ မရောက်မီ ကြက်သွန်ခင်းတွေကို တူးဖော် ရောင်းချနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဝယ်သူက နှစ်ယောက်တည်းရှိတာ၊ အခင်းတွေက ငြိမ်တဲ့အချိန် မြန်မြန်တူးရဖို့ အရေးကြီးတာ တူးပြီးရတဲ့စျေးနဲ့ ရောင်းလိုက်တာပဲ။”လို့ ကြက်သွန်စိုက်တောင်သူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲတွေမဖြစ်ပွားခင်က ကြက်သွန် တစ်ပိဿာ၂၀၀၀ ကျပ်စျေးရှိရာကနေ လက်ရှိမတ်လအတွင်းမှာတော့ ​တစ်ပိဿာ ၁၃၀၀ ကျပ်စျေးရှိနေပေမယ့်လည်း ရတဲ့စျေးနဲ့သာ ရောင်းချနေရတယ်လို့ ဆိုပါတယ်။

“ဆေးပက်ချိန် ရေသွင်းချိန် ပြေးကြရတော့ ပုံမှန်မဟုတ်တော့ နှစ်တိုင်းလို အထွက်မတိုး အထွက်တွေကနည်း၊ စျေးတွေကကျ၊ တချို့တွေက တူးချိန်မတန်လည်း တူးနေကြတော့ အရည်အသွေး မမီတော့ စျေးတွေကျတယ်”လို့ မဲဇလီတိုက်နယ်က ကြက်သွန်စိုက်တောင်သူတစ်ဦးကပြောပါတယ်။

စစ်ရေးကောလာဟလတွေကြောင့် ကြက်သွန်တူးတဲ့ အလုပ်သမားတွေကို အလုအယက် ငှားရမ်းကာ တူးဖော်​နေကြရတယ်လို့လည်း သိရပါတယ်။

ဒီလိုမျိုး ရောင်းချနေကြရတာကြောင့် ကြက်သွန် ယာတစ်ကန့်ကို ​ကျပ်သိန်း ၃၀ ဝန်းကျင် ကုန်ကျခဲ့ပေမဲ့ ရောင်းချရာမှာ ကျပ်သိန်း ၂၀ တောင်ပြန်မရဘူးလို့ သိရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.