ပူးလူးတူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး
ပိုင်ကျုံ၊ မတ် ၁၆
ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီရဲ့ ပူးလူးတူခြေကုပ်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကရင်အမျိုးသားအ စည်းအရုံး KNU ဗဟိုက မတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲ ထိုင်း-မြန်မာ နယ်စပ်အနီးက ပူးလူးတူစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက မတ် ၁၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၁၁ ဦးဟာ လက်နက်ခဲယမ်းတချို့နဲ့ ထိုင်းနိုင်ငံထဲ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက် ရဲဘော် ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်သုံးဦး ကျဆုံးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ပူးလူးတူစခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ်အနီးက ကလေဖိုးကလိုး၊ မယ်ကဲ့၊ ကလေမိုးခီးကျေးရွာတွေက ဒေသခံ ၅၀၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU