March 16, 2025

စာမေးပွဲကာလ လျှပ်စစ်မီးမပြတ်အောင်လုပ်ဖို့ စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်ပြော

မော်လမြိုင် ၊ မတ် ၁၆ မွန်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမယ့်ကာလအတွင်း လျှပ်စစ်မီးမပြတ်တောက်အောင်လုပ်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုလာပါတယ်။ မတ်လ ၁၄ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အစိုးရရုံးမှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်း အ စည်းအဝေးမှာ ဦးအောင်ကြည်သိန်းက သူရဲ့ လက်အောက်ခံဌာနဆိုင်ရာ တာဝန်ရှိသူတွေကို ပြော ဆိုခဲ့တာပါ။ ဒါ့အပြင် စာမေးပွဲ…

တောင်ပိုင်းဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားဆယ်နဲ့ချီ ဒဏ်ရာရ

မော်လမြိုင် ၊ မတ် ၁၆ မွန်၊ကရင်နဲ့ တနင်္သာရီတို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားဆယ်နဲ့ချီ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ SBHN က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အစီရင်ခံစာအရ အဲဒီဒေသတွေမှာ မြေပြင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်ထိခိုက်မှုရှိသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုတွေလည်း များစွာရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း…

ကျိုက်ထိုမြို့နယ်မှာ ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီပိုမိုပြုလုပ်လာ

ကျိုက်ထို၊ မတ် ၁၆ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မတ်လဆန်းကစပြီး ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ ဒရုန်းနဲ့ ကင်းထောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်မှတ်တွေအပြင် အရပ်သားပစ်မှတ်တွေကိုပါ ပိုမိုတိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၂…

ပူးလူးတူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး

ပူးလူးတူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး ပိုင်ကျုံ၊ မတ် ၁၆ ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီရဲ့ ပူးလူးတူခြေကုပ်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကရင်အမျိုးသားအ စည်းအရုံး KNU ဗဟိုက မတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်…