အီးယူထုတ် ယမကာတွေကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်မယ်လို့ ထရန့် ခြိမ်းခြောက်
ဝါရှင်တန်၊ မတ် ၁၄ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာမှုရဲ့ နောက်ဆုံး အရှုပ်အထွေး အဖြစ် ဥရောပသမဂ္ဂ အီးယူကနေ အမေရိကန်သို့ တင်ပို့တဲ့ ယမကာအားလုံးအပေါ် အခွန် ၂၀၀ ရာခိုင်နှုန်းကောက်ခံ သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။ အမေရိကန်သို့ တင်ပို့တဲ့ သံမဏိနဲ့ ဒန်သတ္တု အားလုံးအပေါ် သမ္မတ ထရန့်ရဲ့ အခွန် တိုးကောက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့…