February 2025

ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၉ ခု အတွက် စစ်ကောင်စီနဲ့ ရုရှားတို့လက်မှတ်ထိုး

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၅ ရင်းနှီးမြှုပ်နှံမှုတွေအတွက် နှစ်နိုင်ငံအစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေအကြား စာချုပ်စာတမ်း ၉ ခုကို စစ်ကောင်စီနဲ့ ရုရှားတို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေအပါအဝင် ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစာချုပ်စာတမ်း ၉ ခုကို သက်ဆိုင်ရာဝန်…

မွန်ပြည်နယ် ရေးဒေသမှာ ဒရုန်းစစ်ဆင်ရေး စစ်ကောင်စီပိုမိုပြုလုပ်လာ

ရေး ၊ ဖေဖော်ဝါရီ ၂၅ မွန်ပြည်နယ် ရေးမြို့နယ်ရှိ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေနဲ့ အနီးပတ် ဝန်းကျင်ရှိ ကျေးရွာတွေကို စစ်ကောင်စီဘက်က ဒရုန်းစစ်ဆင်ရေးတွေ ပိုမိုပြုလုပ်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြေပြင်တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အင်အားပြုန်းတီးမှုနဲ့ အသုံးစရိတ်ချွေတာဖို့အတွက် အခုနှစ်ဆန်းပိုင်းကစပြီး တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးဒေ သကို လေကြောင်းကင်းထောက်မှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီနောက်…

သရက်ချောင်းတိုက်ပွဲမှာ PDF ရဲဘော်သုံးဦးကျဆုံး

သရက်ချောင်း၊ ဖေဖော်ဝါရီ ၂၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော် သုံးဦးကျဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အင်အား ၈၀ ဝန်းကျင်နဲ့ သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာဘက်ကို စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား ဥတ္တူကျေးရွာနဲ့ မဲနယ်အိုးကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။…

နောင်ချိုတိုက်ပွဲမှာ အဆိပ်ငွေ့ဗုံးကြဲခံရလို့ TNLA တပ်သား ၁၀ ဦး ဒဏ်ရာရ

နောင်ချို၊ ဖေဖော်ဝါရီ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က နောင်ချိုမြို့နယ် တောင်ရှည်ရွာနဲ့ မန်မော်ကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ…

USAID ဝန်ထမ်း ၁၆၀၀ ကို ထရန့်အစိုးရ အလုပ်ဖြုတ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ နိုင်ငံခြားအကူအညီပေးရေး အေဂျင်စီ USAID ရဲ့ အမေရိကန်မှာရှိတဲ့ အလုပ်နေရာ ၁၆၀၀ ကို အဆုံးသတ်လိုက်ပြီး ခေါင်းဆောင်တွေနဲ့ အရေးကြီးတဲ့ ဝန်ထမ်းတွေကလွဲလို့ ကျန်ဝန်ထမ်းအားလုံးကို ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း သမ္မတ ထရန့်အစိုးရက ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံခြား သြဇာလွှမ်းမိုးရေး အမေရိကန်ရဲ့ အင်အားအပျော့စားအသုံးပြုမှုအတွက် အရေးပါတဲ့ ယန္တယားဖြစ်တဲ့…

ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ခွင့်ပေးရင် သမ္မတရာထူးကနေ နုတ်ထွက်ပေးမယ်လို့ ဇီလန်စကီး ကမ်းလှမ်း

ကိဗ်၊ ဖေဖော်ဝါရီ ၂၄ ယူကရိန်းသို့ ရုရှားက ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်မှု တတိယမြောက် နှစ်ပတ်လည်နေ့ မတိုင်ခင် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ငြိမ်းချမ်းရေးအတွက် အလဲအလှယ်အနေနဲ့ သူ့ရဲ့သမ္မတရာထူးကို စွန့်လွှတ်ပေးဖို့ ဆန္ဒရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားပြီး သူ့ကို ရာထူးက ထွက်ပေးစေချင်တယ်ဆိုရင် အဆင်သင့်ရှိကြောင်း၊ အဲဒီလို အခြေအနေမျိုးတွေ ရှိခဲ့တယ်ဆိုရင် သူ့အနေနဲ့…

လေးလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၄၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၄ နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ လေးလအတွင်း စစ်ကောင်စီရဲ့ လူငါးဦးနဲ့အထက် အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ ညဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၂ မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အစုံလိုက်အပြုံလိုက်…

ပြည်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ငါးဦး ရိုက်နှက်ခံရ

ပြည်၊ ဖေဖော်ဝါရီ ၂၄ ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ ထောင်အာဏာပိုင် အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ထိုးကြိတ်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ ပြည်အကျဉ်းထောင်ရှိ စားရိပ်သာ တာဝန်ခံ အကျဉ်းသားလင်းထိန်…

စေတုတ္တရာမှာ စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ကလေး ၁ ဦး အပါအဝင် ၈ ဦးသေဆုံး

မကွေး ဖေဖော်ဝါရီ ၂၄ မကွေးတိုင်း စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၈ ဦးသေဆုံးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး ပြည်သူ…

စစ်ပွဲဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ကြွေးကြော်

ဗထူး ၊ ဖေဖော်ဝါရီ ၂၃ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးနဲ့တည်ငြိမ်ရေး ပိုလိုအပ်တဲ့အတွက် နယ်မြေချဲ့ထွင်ရေး တိုက် ပွဲဖော်ဆောင်လာမှုတွေကို စစ်တပ်အနေနဲ့ စစ်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြွေးကြော်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်က ဗိုလ်လောင်းသင်တန်းဆင်းအခမ်းအနားနဲ့ တိုက်ခိုက်ရေးကျောင်းသို့ သွားရောက်စဉ် အရာရှိတွေနဲ့ သင်တန်းသားတွေကို ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲတစ်ရပ်ကို…