မန္တလေး၊ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် PPNM ထံက သိရပါတယ်။
အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းဟာ ကျန်းမာ ရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အကျဉ်း ထောင်အတွင်း သေဆုံးခဲ့တာပါ။
ကိုအောင်ထွန်းဟာ ဖမ်းဆီးခံရချိန်က ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး ဘာရောဂါတစ်ခုမှ မရှိဘဲ အိုးဘိုအကျဉ်းထောင်ရောက်မှ ခန္ဓာကိုယ်မှာ အနာတွေပေါက်လာပြီး အနာပိုးဝင်ကာ ထောင်ဆေးရုံမှာ ကုသမှုခံယူနေရတာ ဖြစ်ပါတယ်။
ထောင်ဆေးရုံမှာ ကုသမှုခံယူနေပြီးနောက် တစ်ပတ်ခန့်အကြာမှာ ဆေးရုံမှာပဲသေဆုံးခဲ့ပြီး ရုပ်အ လောင်းကိုပင် ပြန်လည်ယူဆောင်ခွင့်မပေးဘူးလို့ PPNM က ဆိုပါတယ်။
ကိုအောင်ထွန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာ မန္တလေးတိုင်း အမရပူရမြို့နယ်မှာ ဖမ်းဆီးခံရပြီးနောက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီဟာလည်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ