နယူးယောက်၊ ဖေဖော်ဝါရီ ၂၅

ယူကရိန်းသို့ ရုရှား ကျူးကျော်တိုက်ခိုက်မှု သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကုလသမဂ္ဂမှာ မံခွဲဆုံးဖြတ်ရာအတွင်း အမေရိကန်ဟာ ရုရှားဘက်က နှစ်ကြိမ်တိုင် ရပ်တည်ခဲ့တာကြောင့် စစ်ပွဲနဲ့ ပတ်သက်ပြီး ထရန့်အစိုးရ ရပ်တည်ပုံ ပြောင်းလဲလိုက်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

ယူကရိန်းရဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထောက်ခံကူညီရေး၊ရုရှားရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချရေး၊ ဥရောပ ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်ကို ရုရှားနဲ့အမေရိကန်တို့က ကန့်ကွက်ခဲ့ကြပေမယ့် ကုလအထွေထွေ ညီလာခံမှာ အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီနောက် အမေရိကန် ရေးဆွဲထားတဲ့ စစ်ပွဲ အဆုံးသတ်ရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို ကုလရဲ့ မဲခွဲဆုံးဖြတ်မှုမှာလည်း အမေရိကန်နဲ့ ရုရှားက ထောက်ခံခဲ့ကြ ပြန်ပါတယ်။

အမေရိကန် ရေးဆွဲတဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ရုရှားကို ပြစ်တင် ရှုတ်ချထားတာ တစ်ခုမှ မပါဝင်ပါဘူး။

အဲဒီ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ခဲ့ပေမယ့် စကားလုံးတွေ ပြန်လည် ပြင်ဆင်ရေး အမေရိကန်ရဲ့ အဓိကမဟာမိတ် နှစ်နိုင်ငံ ဖြစ်တဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့ ကြိုးပမ်းမှု ဗီတိုအာဏာနဲ့ ပယ်ချခံရပြီးနောက် အဲဒီ နှစ်နိုင်ငံက မဲမပေးခဲ့ကြပါဘူး။

စစ်ပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ သိသာတဲ့ သဘောထားကွဲလွဲမှုတွေ ပြေလည်စေရေး ကြိုးပမ်းတဲ့အနေနဲ့ ပြင်သစ်သမ္မတ မက်ကရွန် အိမ်ဖြူတော်သို့ သွားပြီး သမ္မတ ထရန့်နဲ့ တွေ့ဆုံနေချိန်မှာ တခြား အပြိုင်တင်သွင်းတဲ့ ဆုံးဖြတ်ချက် မူကြမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်မှာ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာလည်း အမေရိကန်သို့ လာရောက်ပြီး သမ္မတ ထရန့်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ထရန့်ရဲ့ အိမ်ဖြူတော်က နေတိုးအဖွဲ့ကို ပြောင်းပြန်လှန်ပစ်ဖို့ လုပ်ဆောင်နေပြီး မော်စကိုဘက်က ရပ်တည်နေတာကြောင့် ဥရောပ လုံခြုံရေး အမေရိကန်ရဲ့ ကာလကြာရှည် ကတိနဲ့ပတ်သက်လို့ သံသယတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။

ဥရောပရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ရုရှား၊ အစ္စရေး၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ဘီလာရု့စ်၊ ဟန်ဂေရီနဲ့ တခြား ၁၁ နိုင်ငံနဲ့ အတူ ကန့်ကွက်ခဲ့ကြပေမယ့် ဥရောပအဖွဲ့ဝင်တွေက ၉၃ မဲနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်အတွက် မဲခွဲရာမှာ မဲမထည့်တဲ့ နိုင်ငံ ၆၅ နိုင်ငံ ရှိခဲ့ပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ လုံခြုံရေးကောင်စီမှာ အမေရိကန် ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီးမှ ထောက်ခံမဲ ၁၀ မဲနဲ့ အတည်ပြုနိုင်ခဲ့တာပါ။

အဲဒီ မဲခွဲမှုမှာ ဗြိတိန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဂရိနဲ့ စလိုဗေးနီးယားတို့ ကြားနေခဲ့ကြပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ထရန့်အစိုးရက ရုရှားကို အပြစ်မတင်ဘဲ ဥရောပနိုင်ငံတွေနဲ့ ယူကရိန်းကို အပြစ်တင်လိုတဲ့ သဘောတွေ့ရပါတယ်။

သမ္မတ ဇီလန်စကီးကတော့ ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်ပေးရင် မိမိရဲ့သမ္မတ ရာထူးကို စွန့်လွှတ်ပေးမယ့်အကြောင်းနဲ့ ယူကရိန်းစစ်ပွဲကို အခုနှစ်အတွင်း အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.