ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄

နိုင်ငံခြားအကူအညီပေးရေး အေဂျင်စီ USAID ရဲ့ အမေရိကန်မှာရှိတဲ့ အလုပ်နေရာ ၁၆၀၀ ကို အဆုံးသတ်လိုက်ပြီး ခေါင်းဆောင်တွေနဲ့ အရေးကြီးတဲ့ ဝန်ထမ်းတွေကလွဲလို့ ကျန်ဝန်ထမ်းအားလုံးကို ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း သမ္မတ ထရန့်အစိုးရက ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံခြား သြဇာလွှမ်းမိုးရေး အမေရိကန်ရဲ့ အင်အားအပျော့စားအသုံးပြုမှုအတွက် အရေးပါတဲ့ ယန္တယားဖြစ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အမေရိကန် အေဂျင်စီကို အင်အားလျှော့ချရေး ဘီလျံနာ သူဌေးကြီး အီလွန်မက်စ် ဦးဆောင် ကြိုးပမ်းနေပါတယ်။

အလုပ်ကနေ ထုတ်ပယ်လိုက်သူတွေ၊ ခွင့်ရရှိသူတွေအနေနဲ့ ဧပြီလ ၂၄ ရက်မှစတင် အကျုံးဝင်မှာ ဖြစ်ပါတယ်။

အမေရိကန်ရှိ USAID ဝန်ထမ်း ၁၆၀၀ ကို လျှော့ချမှာ ဖြစ်ပြီး မရှိမဖြစ် လိုအပ်တဲ့ အလုပ်သမားများကလွဲလို့ တိုက်ရိုက်ခေါ်ယူ ခန့်ထားသူ အားလုံးကို ခွင့်ပေးသွားမှာ ဖြစ်ကြောင်း USAID အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖေဖော်ဝါရီ ၂၃ ရက် ညသန်းခေါင်းလောက်က ဖော်ပြထားပါတယ်။

စောစောပိုင်းက အသိပေးစာမှာ အမေရိကန်ရှိ အဲဒီ အေဂျင်စီ အလုပ်သမား ၂၀၀၀ ကို လျှော့ချသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ အိမ်ဖြူတော်ကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိခဲ့ဘူးလို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

မိမိတို့ အေဂျင်စီတွေကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေတယ်လို့ဆိုပြီး အစိုးရ အလုပ်သမားသမဂ္ဂတွေက တရားစွဲထားချိန်မှာ USAID အလုပ်သမား ထောင်ပေါင်းများကို ခွင့်ပေးရေး ဖက်ဒရယ် တရားသူကြီး တစ်ဦးက ဖေဖော်ဝါရီ ၂၁ ရက်မှာ လမ်းရှင်းပေးခဲ့ပါတယ်။

USAID အစီအစဉ်တွေအတွက် အရင်က နှစ်စဉ် ဒေါ်လာ ဘီလီယံ ၄၀ စီ ရရှိခဲ့ပြီး အခုလို အင်အား လျှော့ချလိုက်ပြီးနောက်ပိုင်းမှာတော့ တစ်နှစ်ကို ဒေါ်လာ သန်း ၁၀၀ အောက်ပဲ ရရှိတော့မှာ ဖြစ်ပါတယ်။

ရောဂါ ပျံ့နှံ့မှု တစ်ခုခု ဖြစ်ပွားချိန်မှာ လူတွေ ထွက်ပြေးသွားကြပြီး USAID ဝန်ထမ်းတွေကပဲ ပထမဆုံး မြေပြင်သို့ လာရောက်ပြီး တည်ငြိမ်အောင်နဲ့ အကူအညီ ပေးနိုင်အောင် ကူညီကြရတာ ဖြစ်တယ်လို့ USAID အရာရှိဟောင်း တစ်ဦးက တုံ့ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.