မန္တလေး၊ ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသူတစ်ဦး အသက်သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်စန်းရီဟာ သွေးတိုး၊ ဆီချိုနဲ့ နလုံးရောဂါတွေ ခံ စားနေရပြီး အကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှု မရရှိတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ သေဆုံးခဲ့တာပါ။
ဒေါ်စန်းရီဟာ မန္တလေးတိုင်း အမရပူရမြို့နယ် ရှမ်းလေးကျွန်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ၅၀ (ည) တို့နဲ့ တရားစွဲဆိုခံရကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦး ရှိပြီး အဲဒီထဲမှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် သေဆုံးခဲ့ရသူ ၆၃ ဦး ရှိတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media