February 15, 2025

ဖက်ဒရယ်အသွင်ကူးပြောင်းရေး အခြေခံဥပဒေကို ဘယ်လိုရေးဆွဲနေလဲ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၆ တော်လှန်ရေးကာလမှ စတင်ကာ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ရေးဆွဲနေပြီလို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေပါတဲ့ အဖွဲ့ ၉ ဖွဲ့ကနေ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလိုမျိုး သက်ရောက်မှုရှိတဲ့ အုပ်ချုပ်ရေးစာ တမ်းအဖြစ် ကျင့်သုံးသွားဖို့…

မွန်စစ်ရှောင်တွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၆ မွန်ပြည်နယ်အတွင်းရှိ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်း ငွေကြေးထောက်ပံ့ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်လာပါတယ်။ စစ်ဘေးရှောင်တွေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဦးဆောင်တဲ့အဖွဲ့က အခမ်းအနားနဲ့ ငွေကြေးထောက် ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေအတွက် စစ်ကောင်စီက တစ်ဦးလျှင်ကျပ်…

ရေးမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ရေး၊ ဖေဖော်ဝါရီ ၁၆ မွန်ပြည်နယ် ရေးမြို့နယ် ကွင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဟာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။ အသက် ၄၀ အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဟာ ကွင်းရှည်ကျေးရွာကနေငါးကလေး ချောင်း ကျေးရွာအသွားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးနေတဲ့ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးရဲ့ ရုပ်အလောင်းကို…

ဆန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် အရေးပေါ် အရန်ဆန် ထုတ်သုံးမယ်လို့ ဂျပန်အစိုးရ ကြေညာ

တိုကျို၊ ဖေဖော်ဝါရီ ၁၅ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ အရေးပေါ် အခြေအနေအတွက် အရန်သုံးဖို့ ထားတဲ့ ဆန်တွေကို ထုတ်သုံးမှာ ဖြစ်ကြောင်း ဂျပန်အစိုးရက ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။ ကြီးကြီးမားမား ငလျင်လှုပ်တာမျိုးလို အရေးပေါ် ကာလတွေမှာသာ ဂျပန်အစိုးရဟာ အရေးပေါ် အရန်ဆန်တွေကို သုံးစွဲဖို့ အရင်ကသတ်မှတ်ထားခဲ့ပေမယ့် ဖြန့်ဝေဖို့ အနှောင့်အယှက် ရှိတာကြောင့်…

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားအပြင် ဥရောပကိုပါ အမေရိကန် ဖိအားပေး

မြူးနစ်၊ ဖေဖော်ဝါရီ ၁၅ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ မတွေ့ခင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ရုရှားကို အမေရိကန်က ဖိအားပေးဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ သုံးနှစ်နီးပါး ကြာနေပြီဖြစ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကနေ ချန်လှပ်ခံရမယ့်အရေး စိုးရိမ်နေကြတဲ့ ဥရောပနိုင်ငံတွေကိုလည်း သူတို့…

အနန်းကွင်းရွာ မီးရှို့ဖျက်ဆီးမှု PDF တွေ လုပ်တာလို့ စစ်ကောင်စီ လိမ်လည်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ ဒေသခံနေအိမ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာန၊…

အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတစ်ဦးသေဆုံး

မန္တလေး၊ ဖေဖော်ဝါရီ ၁၅ မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသူတစ်ဦး အသက်သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်စန်းရီဟာ သွေးတိုး၊ ဆီချိုနဲ့ နလုံးရောဂါတွေ ခံ စားနေရပြီး အကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှု…

ဘားအံမြို့နယ် ဝတ်ကြီးဒေသကို စစ်တပ်လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေ

ဘားအံ၊ ဖေဖော်ဝါရီ ၁၅ ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးဒေသထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရပြီး ရွှေ့ပြောင်းတာတွေရှိနေတယ်လို့ ဘားအံသတင်းရင်းမြစ်နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဘားအံမြို့ တောင်ကလေးရွာနဲ့ စက်မှုဇုန်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်းထဲကနေ ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီအချိန်မှာ KNU တပ်မဟာ ၁…

အာဏာသိမ်းကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၁၄၀ နီးပါးသေဆုံး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၅ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် ကျန်းမာ ရေးဝန်ထမ်း ၁၃၆ ဦး သေဆုံးပြီး ၈၄၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ကမ္ဘာတစ်ဝန်းက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို သတင်းအချက်အလက်ရယူနေတဲ့ Relieweb က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄…