February 13, 2025

စစ်အာဏာသိမ်း (၁၄၇၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၇၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၁၄ AAPP ရဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၇၄) ရက်အတွင်း ပြည်သူ (၆၂၇၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၅၆၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၄၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စက်သုံးဆီအခက်အခဲကြောင့် ထိုင်းကုန်စည်ဈေးနှုန်း အနည်းငယ်မြင့်တက်လာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄ မွန်ပြည်နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်ကနေတစ်ဆင့် ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်း ဈေး နှုန်းတွေဟာ လက်ရှိနယ်စပ်မှာ စက်သုံးဆီဝယ်ယူရတဲ့ အခက်အခဲကြောင့် အနည်းငယ် မြင့်တက် လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ လက်ရှိ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှာရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်းနိုင်ငံဘက်က ဖေဖော်ဝါရီ ၅ ရက်က စတင်ပြီး နယ်စပ်မြို့ တွေဆီ…

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတွက် တစ်မျိုးသားလုံး တိုက်ပွဲဝင်ဖို့ မွန်တော်လှန်ရေးအဖွဲ့တွေ တိုက်တွန်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄ ဟံသာဝတီပျက်သုဉ်းချိန်ကစပြီး ဒီကနေ့အထိ အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရတဲ့ မွန်လူမျိုးတွေအ နေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတွက် ကျရာကဏ္ဍကနေ တိုက်ပွဲဝင်ဖို့ မွန်တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းလာပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျရောက်တဲ့ ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ လက်ရှိ တော်လှန် ရေးအတွင်း ပါဝင်နေကြတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက သဘောထားကိုယ်စီ ထုတ်ပြန်ကြေညာလာတာပါ။ ဘုံရန်သူ…

ကျေးလက်နေပြည်သူတွေရဲ့ အသက်ရှင်သန်ရေး ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးတယ်လို့ မွန်ပြည်သစ်ပြော

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄ လက်ရှိ နိုင်ငံရေးတိုက်ပွဲအချို့အကွေ့ ပြည်တွင်းစစ်မှာ ကျေးလက်နေ အရပ်သားပြည်သူတွေ အ သက်ရှင်သန်ရပ်တည်ရေးအတွက် ဒေသခံတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးတယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီ NMSP ဗဟိုအလုပ်အမှုဆောင်ကော်မတီက မွန်ဘာသာနဲ့ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာ…

ကျိုက်ထိုမှာ တော်လှန်ရေးအဖွဲ့တွေရှိတဲ့နေရာအနီး လေကြောင်းတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုတွေ ရှိ

ကျိုက်ထို၊ ဖေဖော်ဝါရီလ ၁၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ ဒေသတော်လှန်ရေးအဖွဲ့တွေ ရှိရာနေရာအနီး ဖေ ဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူတွေရှိကြောင်း မြေ ပြင်ရဲဘော်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတစ်စင်းနဲ့ လေ ကြောင်းကနေ ဗုံးကြဲတာ…

ကရင်နဲ့ မွန်ပြည်နယ်ရှိ မြို့တွေကနေ စက်သုံးဆီ ဝယ်ယူပြီး မြဝတီနဲ့ ရွှေကုက္ကိုလ်မှာ ပြန်လည်ရောင်းချမှုတွေ ရှိနေ

ဘားအံ ဖေဖော်ဝါရီ ၁၃ ကရင်ပြည်နယ် မြဝတီမြို့မှာ စက်သုံးဆီပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုတွေကြောင့် ဘားအံမြို့မှာလည်း စက်သုံးဆီကို အကန့်အသတ်နဲ့ တန်းစီစောင့်ဆိုင်းဝယ်ယူနေရပြီး ဒီဇယ်ဆီလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းနိုင်ငံက နှစ်နိုင်ငံနယ်စပ်က မြဝတီမြို့နယ်ထဲကို ဖြန့်ဝေရောင်းချပေးနေတဲ့ လျှပ်စစ်ဓာတ်အားနဲ့ စက်သုံးဆီတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ဖြတ်တောက်လိုက်တဲ့အတွက် နယ်စပ်မြို့ တွေဖြစ်ကြတဲ့မြဝတီနဲ့ရွှေကုက္ကိုလ်မြို့သစ်တွေမှာ စက်သုံးဆီရရှိဖို့…

ဘင်္ဂလားဒေ့ချ် အစိုးရဟောင်း ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တယ်လို့ ကုလ ပြော

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၃ ဘင်္ဂလားဒေ့ချ် အစိုးရဟောင်းဟာ ပြီးခဲ့တဲ့နှစ်မှာ အာဏာဆက်လက်ထိန်းချုပ်ထားဖို့ ကြိုးပမ်းချိန်အတွင်း ဆန္ဒပြသူတွေကို စနစ်တကျ တိုက်ခိုက် သတ်ဖြတ်မှု နောက်ကွယ်ကနေ ပါဝင်ခဲ့တယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောကြားလိုက်ပြီး အဲဒီ ဥပဒေ ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ကျောင်းသားတွေ…

ကိုယ်ပျောက် တိုက်လေယာဉ်တွေ အိန္ဒိယမှာ ထုတ်လုပ်ပေးမယ်လို့ ရုရှား ကမ်းလှမ်း

ဘန်ဂလူရူး၊ ဖေဖော်ဝါရီ ၁၃ ရုရှားက သူတို့ရဲ့ ပဉ္စမမျိုးဆက် Su-57 ကိုယ်ပျောက်တိုက်လေယာဉ်တွေကို အိန္ဒိယလေတပ်အတွက် အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ပေးဖို့ ကမ်းလှမ်းထားကြောင်း နှစ်နိုင်ငံ အရာရှိတွေက ပြောကြားထားပါတယ်။ ရုရှားက အိန္ဒိယအစိုးရနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးပမ်းနေချိန်မှာ အခု ကမ်းလှမ်းချက် ထွက်ပေါ်လာတာပါ။ ရုရှားဟာ အိန္ဒိယကို အဓိက လက်နက်ထောက်ပံ့ပေးနေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး…

ကျိုက်ထိုမှာ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ မလော့ချောင်ကျေး ရွာနေ အသက် ၅၀ နှစ်အရွယ်ရှိ ဦးကျော်အောင်ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ အဲလိုဖမ်းဆီးစဉ်…

နိုင်ငံရေးအာဏာအတွက် လက်နက်ကိုင်တော်လှန်ခြင်းမှတပါး အခြားမရှိဘူးလို့ MSFC တိုက်တွန်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၃ မွန်အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ နိုင်ငံရေးအာဏာကိုရယူရာမှာ လက် နက်ကိုင်တော်လှန်တဲ့လမ်းစဉ်မှတပါး အခြားမရှိဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က မွန်လူထုတွေကို တိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မွန်တမျိုးသားလုံးရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ကြေညာလာတာပါ။ မိမိတို့ စာပေ၊ ဘာသာစကား၊ယဉ်ကျေးမှုတွေကို ဘယ်လိုပဲ…