ဘန်ကောက်၊ ဖေဖေဝါရီ ၃
ထိုင်းအာဏာရ ဖူထိုင်းပါတီက ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ PAO ၁၈ နေရာအတွက် ဥက္ကဋ္ဌနေရာတွေ အနိုင်ရထားပြီး သူ့ရဲ့ ညွှန့်ပေါင်း လက်တွဲဖော် ဘွမ်ဂျိုထိုင်းပါတီက ဥက္ကဋ္ဌနေရာ ၁၂ ခုနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
ဖေဖော်ဝါရီ ၂ ရက် ဒေသန္တရ ရွေးကောက်ပွဲအတွင်း အဓိက အတိုက်အခံ ပြည်သူ့ပါတီဟာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနေရာ တစ်နေရာတည်းပဲ အနိုင်ရခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်က ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၇၇ ခုထဲက ၄၇ ခုမှာ PAO ဥက္ကဋ္ဌနေရာ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဖူထိုင်းပါတီက ဥက္ကဋ္ဌနေရာ ၁၈ ခု ဘွန်ဂျိုထိုင်းပါတီက ၁၂ နေရာ အနိုင်ရထားကြောင်း တရားဝင်မဟုတ်တဲ့ ရလဒ်တွေက ဖော်ပြနေပါတယ်။
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ PAO ဥက္ကဋ္ဌနေရာ ၆ နေရ အနိုင်ရထားပြီး ဒီမိုကရက်ပါတီက ၄ နေရာ အနိုင်ရထားပါတယ်။
ပြည်သူ့ပါတီဟာ အံ့သြစရာကောင်းလောက်အောင် မြောက်ပိုင်း ပြည်နယ် လမ်ဖန်မှာ PAO ဥက္ကဋ္ဌနေရာ တစ်နေရာတည်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဖူထိုင်း ပါတီကိုယ်စားလှယ်တွေ အနိုင်ရစေဖို့ ကူညီပေးခဲ့ပါတယ်။
ဒါပေမဲ့ သူ့သမီး ဝန်ကြီးချုပ်ပေသွန်ထန် ဦးဆောင်တဲ့ ဖူထိုင်းပါတီဟာ ပြည်နယ် တချို့မှာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။
ဖူထိုင်းပါတီ ရှုံးနိမ့်ခဲ့တဲ့ ပြည်နယ်တွေထဲမှာ သက်ဆင် အကြိမ်ကြိမ် သွားရောက် မဲဆွယ်ခဲ့တဲ့ ချင်းရိုင်ပြည်နယ်လည်း ပါဝင်ပါတယ်။
သက်ဆင်ရဲ့ မွေးရပ်ပြည်နယ် ဖြစ်တဲ့ ချင်းမိုင်မှာတော့ ဖူထိုင်းပါတီက မဲအနည်းငယ် အသာနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Ref:Bangkokpost