မော်လမြိုင်၊ ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူ ညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
AAPP ရဲ့ အချက်အလက်တွေအရ စစ်ကောင်စီလက်ချက်ကြောင့် ၂၀၂၁ ခုနှစ်မှာ ၁၀၁ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၃၆ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၂၀၈ ဦး၊ ၂၀၂၄ ခုနှစ်မှာ ၂၄၈ ဦး စုစုပေါင်း ၆၉၃ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၂၈ ဦးနဲ့ အများဆုံး သေ ဆုံးခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၀၉ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ ဖော် ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို စစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေဖြစ်တဲ့ ကွမ်းတောင်ကျေးရွာသား မောင်မျိုးဇော်ထွန်း၊ တန်းခိုးကျေးရွာသူ မဦးဆန်းနွယ်နဲ့ ယိုးတရုပ်ရွာသူ ဒေါ်မသာလှတို့သုံးဦး ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ယိုးတရုပ်ရွားသားကိုလှဖြူနဲ့ စံပြရပ်ကွက်နေ အသက် ၉ နှစ်အရွယ် မောင်မျိုးဟိန်းအောင် တို့ ဗုံးစထိမှန်ဒဏ်ရာနဲ့ ဆေးကုသဖို့ ပို့ဆောင်ချိန် လမ်းခုလတ်မှာ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ အရပ်သားပြည်သူ ၆၁၈၆ ဦး သေဆုံးခဲ့တယ်လို AAPP က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media