မြိတ်၊ ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်း မြိတ်မြို့အလယ်ကျွန်းရပ်ကွက် မင်္ဂလာလမ်းသွယ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၃ နာရီကျော်လောက်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း လူတစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီမီးလောင်မှုဟာ အိမ်ပိုင်ရှင် ဦးတင်ယုပိုင် နေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီး လောင်မှုကြောင့် နေအိမ်သုံးလုံးပျက်စီးခဲ့တာပါ။
မီးလောင်မှုအတွင်း အသက် ၃၈ နှစ်အရွယ် အိမ်ပိုင်ရှင် ဦးတင်ယုပိုင်သေဆုံးခဲ့ပြီး မီးလောင်မှု ဖြစ် ပွားတဲ့ အကြောင်းအရင်းကိုတော့ သက်ဆိုင်ရာမီးသတ်ဌာနက စိစစ်နေတယ်လို့ ဆိုပါတယ်။
မီးလောင်မှုကို မြို့ခံလူမှုကူညီရေးအသင်းတွေအပါအဝင် မီးသတ်တပ်ဖွဲ့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မနက် ၅ နာရီကျော်လောက်မှာ မီးငြိမ်းနိုင်ခဲ့တာပါ။
မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့တဲ့ ဒေသခံတွေကတော့ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ ယာယီခိုလှုံနေရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း မြိတ်မြို့နယ် ပထော်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအ တွင်း နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ