မကွေး ဇန်နဝါရီ ၁၈

မကွေးတိုင်း ချောက်မြို့နယ်မှာ ဘုရားတည်ဖို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ မပါ ဝင်တဲ့ Non CDM ကျန်းမာရေးဝန်ထမ်းတွေဆီကနေ စစ်ကောင်စီက လစဉ်အလှူငွေကောက်ခံမယ်လို့ သိရပါတယ်။

စွယ်တော်မြတ်စေတီ တည်ထားဖို့အတွက် အငယ်တန်းဝန်ထမ်းကနေ တိုင်းဦးစီးအဆင့်အထိ ဇန်န ဝါရီလကုန်ကနေစပြီးတော့ အလှူငွေကောက်ခံမှာဖြစ်ပါတယ်။

“ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်တော့မသိရဘူး။ သူကြီးဘုရား ရွာသားကောင်းမှုပေါ့” လို့ ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မကွေးတိုင်း ကုသရေးဦးစီးဌာနလက်အောက်မှာရှိတဲ့ နေ့စားဝန်ထမ်းတွေကလွဲလို့ ကျန်းမာရေးဝန်ထမ်းအားလုံး အလှူငွေပေးသွင်းဖို့ မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှူးက သတ်မှတ်ကောက်ခံနေတာပါ။

သတ်မှတ်ချက်အရ အငယ်တန်းဝန်ထမ်းကနေ အကြီးတန်းစာရေးအထိ ၁၀၀ဝ ကျပ်၊ ဌာနခွဲစာရေးမှ ဦးစီးအရာရှိအထိ ၂၀၀ဝ ကျပ်၊ လက်ထောက်ညွှန်ကြားရေးမှူး ၃၀၀ဝ ကျပ်၊ ဒုတိယညွှန်ကြားရေးမှူး ၅၀၀ဝ ကျပ်၊ ညွှန်ကြားရေးမှူး ၁၀၀၀၀ ကျပ်နဲ့ တိုင်းဦးစီးမှူးတို့က ၁၀၀၀ဝ ကျပ်နဲ့အထက်ကို လစဉ်ထည့်ဝင်ရမှာဖြစ်ပါတယ်။

လစဉ်အလှူငွေကို တစ်နှစ်တိတိ ကောက်ခံသွားမှာဖြစ်ပြီးတော့ ဆေးရုံအလိုက် တာဝန်ယူကောက် ခံပြီး လစဉ် ၁ ရက်နေ့တိုင်း ပေးသွင်းရမယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.