January 16, 2025

စစ်အာဏာသိမ်း (၁၄၄၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၇ AAPP ရဲ့ ဇန်နဝါရီ၁၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၄၆) ရက်အတွင်း ပြည်သူ (၆၁၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၂၆၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၁၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မွန်ပြည်နယ်မှာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်ဖို့ စစ်ကောင်စီညွှန်ကြား

မော်လမြိုင် ၊ ဇန်နဝါရီ ၁၇ မွန်ပြည်နယ်မှာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဇန်နဝါရီ ၁၄ ရက်နေ့က ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအတွင်း ညွှန်ကြားလာပါတယ်။ ကျိုက်ထီးရိုးစေတီအပါအဝင် တန်ခိုးကြီးစေတီပုထိုးနဲ့ သာသနိကအဆောက်အဦတွေ၊ ခရီးသွားဒေသတွေမှာ ခရီးသွားဧည့်သည်တွေ ဝင်ရောက်လာနေတဲ့အတွက် ဘေးကင်းလုံခြုံအောင် လုပ်ဖို့နဲ့ ဒေသထွက် အစားအစာတွေကို အရည်းအသွေးကောင်းမွန်အောင်…

တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ တပ်ပေါင်းစုဖြစ်ဖို့လိုတယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင် ၊ ဇန်နဝါရီ ၁၇ တိုင်းရင်းသားမဟာမိတ်အဖွဲ့ တွေနဲ့ မဟာမိတ်ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစုဖြစ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီ သမ္မတကထည့်သွင်းပြောကြားခဲ့တာပါ။ မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်တဲ့လူပုဂ္ဂိုလ်တွေကို အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်းပြီး တည်ဆဲအခြေအနေထက်…

ဘီးလင်းမှာ ဆည်မြောင်းကရေမပေးလို့ နွေစပါးစိုက်ဧက ၅၀၀ ကျော် ပျက်စီး

ဘီးလင်း၊ ဇန်နဝါရီ ၁၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျေးရွာပေါင်း ခြောက်ရွာထက်မနည်းက နွေစပါးစိုက်ဧက ၅၀၀ ကျော်ဟာ စစ်ကောင်စီဆည်မြောင်းဦးစီးဌာနဘက်က ရေမပေးတာကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။ ရေရရှိရေးအတွက် ပြီးခဲ့တဲ့လတွေကတည်းက ဘီးလင်းမြို့နယ် ဆည်မြောင်းဝန်ကြီးဌာနလက် အောက် ရေအရင်းအမြစ်ဌာနဦးစီးမှူး ဦးချစ်ဦးထံ တစ်ဧကလျှင် ကျပ်တစ်သောင်းပေးနှုန်း ပေးဆောင်ခဲ့ရပါတယ်။ ရေ လွှတ်ပေးဖို့ တောင်သူတွေက ရေအရင်းအမြစ်ဌာနထံ…

အာဆီယံကို မသိတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အမည်စာရင်း တင်သွင်းမှု ဝေဖန်ခံနေရ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၆ အာဆီယံအကြောင်း ဘာမှ နားမလည်တဲ့ ပိဟတ်ခ်ဆက်ချ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က အမည်စာရင်း တင်သွင်းမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဝါရှင်တန်မှာ လက်နက်ကိုင်ဌာနများကော်မတီ ရှေ့မှောက် အမည်စာရင်း တင်သွင်းမှု အတည်ပြုချိန် အထက်လွှတ်တော်အမတ် တမ်မီ ဒက်ဝက်သ်က အာဆီယံအဖွဲ့အတွင်း ဘယ်နိုင်ငံက အမေရိကန်နဲ့ သဘောတူညီမှု ရယူထားပြီး…

အစ္စရေးနဲ့ ဟားမာ့စ် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရပြီ

ဒိုဟာ ဝါရှင်တန် ဇန်နဝါရီ ၁၆ အချိန် ၁၅ လကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှာ အပစ်ခတ် ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး အစ္စရေးနဲ့ ဟားမာ့စ်အဖွဲ့တို့ကြား သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ကာတာနဲ့ အမေရိကန်တို့က ပြောကြားလိုက်ပါတယ်။ အစ္စရေး အစိုးရဝန်ကြီးများအဖွဲ့က အတည်ပြုထားတဲ့အတိုင်း အပစ်အခတ် ရပ်စဲမှုဟာ ဇန်နဝါရီ ၁၉…

တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် ၆၅၀၀၀ ကျော်အထိ တိုးလာ

တနင်္သာရီ၊ ဇန်နဝါရီ ၁၆ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခြောက်သောင်းခွဲကျော်အထိရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလပွင့်လင်းရာသီမှာ စစ်ကောင်စီတပ်ကကျေးရွာတွေအတွင်းရက်ရှည်စစ်ကြောင်း ထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေအပြင် ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူတွေ ပိုများလာခဲ့တာပါ။ ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ…

တစ်နှစ်အတွင်း စစ်ကောင်စီ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သားသုံးရာနီးပါးသေဆုံး

မော်လမြိုင်၊ ဇန်နဝါရီ ၁၆ နိုင်ငံတဝန်းမှာ တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား စု စုပေါင်းသုံးရာနီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ်အတွင်း နိုင်ငံတဝန်းမှာ…

ကော့ကရိတ်မှာ စစ်တပ်ဒရုန်းဗုံးကြောင့် အရပ်သားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ကော့ကရိတ်၊ ဇန်နဝါရီ ၁၆ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KUN ဗဟိုက ဇန်နဝါရီ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ ကမိုင်ကုန်းကျေးရွာထဲကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။ ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် ကမိုင်ကုန်းကျေးရွာနေ အသက် ၅၇ စောပလုံးချီဟာ…

ပုသိမ် – မုံရွာလမ်းပိုင်းမှာ PDF တွေ ဓါးပြတိုက်နေတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ပုသိမ်-မုံရွာလမ်းပိုင်း အထက်မင်းလှမြို့နယ်မှာ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်ဓါးပြတိုက်နေတယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်ပိုင်…