အမှန်/အမှား

+++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ယင်းမာပင်မြို့တွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မြို့သစ်ရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာ မရှိဘူး”ဆိုပြီး စစ်ကောင်စီတပ် သတင်းအမှားဖြန့်ချိနေတဲ့ အ ကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊မြန်မာ့အလင်းသတင်းစာတွေအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ သတင်းအမှားဆိုပြီး ဇန်နဝါရီ ၈ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့တွင်း အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၅ ရက်နေ့က မြို့ရဲ့ အပြင်ဘက်က မြို့သစ်ရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက လွတ်လပ်သောသတင်းဌာနတွေကို ပြောထားပါတယ်။

တပ်အင်အား ၃ဝ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ မြို့ပြင်ထွက်လာကာ မြို့သစ်ကျေးရွာကို စီးနင်းလုယက် မီးရှို့ပြီးနောက် နေ့လည် ၁၂ နာရီလောက်မှာ ယင်းမာပင်မြို့တွင်း ပြန်ဝင်သွားပြီး မြို့သစ်ရွာအပြင်က ယာတဲနှစ်လုံးကိုပါ မီးရှို့ ဖျက်ဆီးသွားတယ်လို့ MFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မြို့သစ်ကျေးရွာက လူနေအိမ် နှစ်လုံး၊ စပါးနဲ့ နွားစာ သို လှောင်တဲအိမ်လေးလုံးနဲ့ လယ်ယာသုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး နွားတစ်ကောင်လည်း မီး လောင်ဒဏ်ရာရရှိခဲ့တယ်လို့ မြေလတ်အသံမှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက ယင်းမာပင်မြို့ထဲရှိ စစ်အုပ်စု အထိုင်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အခုလို မြို့ပြင်ထွက်ပြီး ရွာကိုမီးရှို့ပြတာလို့ ဒေသခံတွေက လွတ်လပ်သော သတင်းဌာနတွေကို ပြောထားပါတယ်။

MFPသတင်းဌာနက သတင်းလင့်

https://shorturl.at/Zar7w

မြေလတ်အသံသတင်းဌာနကဖော်ပြထားတဲ့လင့်

https://shorturl.at/CGhqR

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.