မြင်းခြံမြို့ရှိ ကျေးရွာတွေမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး
မြင်းခြံ၊ ဇန်နဝါရီ ၂ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြင်းခရိုင်၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ စခန်းချတပ်စွဲထားတဲ့ နေရာတွေကိုတော်လှန်ရေးမဟာ မိတ် ပူးပေါင်းတပ်တွေက တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၇ ဦးသေဆုံးခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ်-၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်နေ့မှာ မြင်းခြံမြို့နယ် ညောင်တိုကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ ပျူစောထီးပူပေါင်းစခန်းကို…