2024

လွိုင်ကော်ဒေသခံတွေရဲ့ ပစ္စည်းတွေကို စစ်တပ်ဖောက်ထွင်းခိုးယူပြီး ရောင်းစားနေ

လွိုင်ကော် – ဇန်နဝါရီ ၃ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေဟာ ဖောက်ထွင်းခိုးယူပြီး ရောင်းစားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်ဒေသခံ ၄သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေတာကြောင့် စျေးဆိုင်တွေ၊ ဖုန်း အရောင်းဆိုင်တွေအပါအဝင် တန်ဖိုးကြီးပစ္စည်းတွေရှိနိုင်မယ်နေရာတွေကို ဖောက်ထွင်းခိုးယူနေ ကြတာပါ။ လက်ရှိမှာတော့ မြို့ပေါ်က ဆိုင်ခန်းတွေနဲ့နေအိမ်တွေဟာ နေ့စဉ်လိုလို ဖောက်ထွင်းခံရတာတွေရှိ နေသလို…

ရေးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်သွားသူကို မွန်ပြည်ဖက်ဒရယ်ကောင်စီ ငွေထောက်ပံ့

ရေး – ဇန်နဝါရီ ၃ မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကြောင့် အမျိုးသမီးတစ်ဦးထိခိုက်သွားတဲ့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ကျန်းမာရေးဌာနက အလှူငွေ ၃ သိန်းထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ခြံထဲမှာ နေလှန်းထားတဲ့ ရာဘာတွေသိမ်းနေစဉ်…

ပလက်၀မြို့ရှိ ခမောင်း၀စခန်းကို ရက္ခိုင့်‌‌တပ်တော် AA ကသိမ်းပိုက်

ပလက်၀၊ ဇန်နဝါရီ ၃ ချင်းပြည်နယ်၊ ပလက်၀မြို့ရှိ ခမောင်း၀စခန်းကို ရက္ခိုင့်တပ်တော် AA ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီ နောင်မဟာမိတ် ၃ ဖွဲ့က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ ခမောင်း ၀စခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက် နက်ချ အညံ့မခံသေးတဲ့ စခန်းကြီး၊ ငယ်တွေနဲ့ တစ်၀က်တပျက်…

KNU နယ်မြေရှိ စစ်ကောင်စီတပ်စခန်း ၂ ခု စွန့်ခွာထွက်ပြေး

တောင်ငူ၊ ဇန်နဝါရီ ၃ ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်း ၂ ခု စွန့်ခွာထွက်ပြေးသွားခဲ့တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဝင်ရောက်ရှင်းလင်းခဲ့ရာ ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ KNU တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဖလေးဆာလိုကျေးရွာ ဘိုးဘွားပိုင်သင်္ချိုင်းမြေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စကခ…

ရခိုင်မှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ၂ ဦးသေဆုံးပြီး နေအိမ် ၃ လုံးပျက်စီး

ကျောက်တော်၊ ဇန်နဝါရီ ၃ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နဲ့ မင်းပြားမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ၂ ဦးသေဆုံးပြီး နေအိမ်တွေလည်း ပြိုကျပျက်စီးခဲ့တယ်လို့ ညီနောင် ၃ ဖွဲ့က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က နေ့လည်ပိုင်းအချိန်ခန့်မှာ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာကို ဒရုန်းဗုံး ၃ ကြိမ်ထက်မနည်း…

မော်လမြိုင်မှာ စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေ

မော်လမြိုင် ၊ ဇန်နဝါရီ ၃ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ထပ် မံဖြစ်ပေါ် နေပြီး ဆီရရှိရေးအတွက် လိုက်လံစုံစမ်းဝယ်ယူနေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အမြင့်ဈေးမှာပဲရှိနေတဲ့ စက်သုံးဆီတွေဟာ အခုနှစ်အစပိုင်းမှာပဲ ပြတ်လပ်မှုတွေ ပြန်လည်ဖြစ်ပေါ် လာသလို စက်သုံးဆီအရောင်းဆိုင်အများစုမှာလည်း ရက်ခြားဆိုသလို ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာပါ။ လက်ရှိ မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ…

စစ်အာဏာသိမ်း (၁၀၆၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၇၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၃ AAPP ရဲ့ ဇန်နဝါရီ ၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၆) ရက်အတွင်း ပြည်သူ (၄၂၇၅) ဦးအထိ အကြမ်း ဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၆၉၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဘီးလင်း ဝင်းတာပန် စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ဘီးလင်း၊ ဇန်နဝါရီ ၃ အချိန်နှစ်ပတ်ကျော်ကြာ ဖြစ်ပွားနေတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအခြေစိုက် စစ် ကောင်စီ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ တော်လှန်ရေးအင် အားစုပူးပေါင်းအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ်အင်အား ၆၀ ကျော် တပ်စွဲနေထိုင်တဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင်…

လက်လွှတ်ထားရတဲ့ မြို့တွေ၊ တပ်စခန်းတွေကို စစ်ကောင်စီပြန်မယူနိုင်သေး

မော်လမြိုင်၊ ဇန်နဝါရီ ၃ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နိုင်ငံအနှံ့ကမြို့တွေ၊ တပ်စခန်းတွေကို စစ်ကောင်စီက လိုအပ်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်ဆိုပြီး ကြုံးဝါးထားပေမယ့် ဒီကနေ့အထိ ပြန်လည်ရယူနိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိအချိန်ထိ စစ်ကောင်စီဟာ နိုင်ငံအနှံ့ရှိ တပ်စခန်းပေါင်း ၄၅၀ ထက်မနည်း လက်လွှတ်ဆုံးရှုံးထားရသလို မြို့ပေါင်း ၂၀ ထက်မနည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တို့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံထားရတာပါ။ ဗိုလ်ချုပ်မှူးကြီး…

ကျိုက်မရောမှာ CID ဒုရဲမှူးပါ ၂ ဦး ပူးပေါင်းအဖွဲ့ ဖမ်းဆီး

ကျိုက်မရော၊ ဇန်နဝါရီ ၃ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပနော့ကျေးရွာအနီးမှာ လိုင်စင်မဲ့ကားသွားသယ်တဲ့ CID ဒုရဲမှူးပါ ၂ ဦးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူထံကနေ စုံစမ်းသိရှိရပါတယ်။ အင်းစိန်မှုခင်းရဲတပ်ဖွဲ့ CID ဒုရဲမှူး ငြိမ်းချမ်းနဲ့ မုဒုံမြို့ရှိ ကားဝပ်ရှော့ဆရာတို့ ၂ ဦးကို ပြီးခဲ့တဲ့ ဒီဇင် ဘာ ၃၀ ရက်နေ့မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့စစ်ဆေးစဉ်…