2024

စစ်အာဏာသိမ်း (၁၃၃၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၆၉၄) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂၅ AAPP ရဲ့ စက်တင်ဘာ ၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၃၂) ရက်အတွင်း ပြည်သူ (၅၆၉၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၄၄၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဖာပွန်မှာ စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွားနေ

ဖာပွန်၊ စက်တင်ဘာ ၂၅ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် ကတိုင်တိဒေသအတွင်း စစ်ရေးဝင်ရောက်လှုပ် ရှားနေတဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်နဲ့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စက်တင်ဘာလ အစောပိုင်းရက်ကနေစပြီး နယ်ခြားစောင့်တပ် BGF နဲ့ စစ်ကောင်စီတပ်တို့ဟာ KNU…

သေဒဏ်ချကွပ်မျက်မှု အနီးကပ်စောင့်ကြည့်နေတယ်လို့ IIMM ပြော

ရန်ကုန် ၊ စက်တင်ဘာ ၂၅ အကျဉ်းကျခံထားရသူတချို့ကို အများရှေ့မှောက် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM က အနီးကပ်စောင့်ကြည့်နေတယ်လို့ ထုတ်ပြောပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ဖို့ စီစဉ်နေတယ်ဆိုပြီး အခုရက်ပိုင်းအတွင်း သတင်းတွေ ပျံ့နှံ့လာမှုအပေါ် IIMM က စက်တင်ဘာ ၂၃…

ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး

ထားဝယ်၊ စက်တင်ဘာ ၂၅ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ တပ်အင်အား ၃၀ ဝန်းကျင်နဲ့ မောင်မယ်ရှောင်ကျေးရွာထဲက နေအိမ်တွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့နဲ့…

သထုံမှာ PDF စွပ်စွဲချက်နဲ့ လူငယ်နှစ်ဦးဖမ်းဆီးခံရ

သထုံ၊ စက်တင်ဘာ ၂၅ မွန်ပြည်နယ် သထုံမြို့နယ် အနန်းပင်ကျေးရွာအုပ်စု အင်းကွဲကျေးရွာနေ ဒေသခံလူငယ်နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ထောင်မှူးကျေးရွာ သထုံ-ဘားအံကားလမ်းပေါ်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ လုပ် ဆောင်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အတွင်း သထုံမြို့နယ်ဘက်ကနေ…

ထိုင်းမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒို ဝယ်ယူမှု စံချိန်အသစ်တင်

ဘန်ကောက်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒို ဝယ်ယူမှု စံချိန်တင်ခဲ့ပြီး အခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒို ဝယ်ယူမှုဟာ အရင်နှစ်က အဲဒီစံချိန်ထက် ကျော်လွန်သွားပြီ ဖြစ်ကြောင်း ထိုင်းအိမ်ခြံမြေ သတင်းအချက်အလက် စင်တာ REIC က ပြောပါတယ်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ဘတ်…

စစ်ပွဲကြောင့် ပြန်ပြင်မရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ အီရန်သမ္မတ သတိပေး

နယူးယောက်၊ စက်တင်ဘာ ၂၄ အစ္စရေးနဲ့ လက်ဘနွန်ရှိ တီဟီရန်အစိုးရက ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာ အဖွဲ့ကြား တစ်နှစ်နီးပါးကြာ ပဋိပက္ခထဲ ပါဝင်လာအောင် ရန်စပြီးတော့ အစ္စရေးက အရှေ့အလယ်ပိုင်းမှာ ရာနှုန်းပြည့်စစ်ပွဲ ဖြစ်လာအောင် ဖန်းတီးနေတာကြောင့် ပြန်ပြင်မရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ကြောင်း အီရန်သမ္မတက စက်တင်ဘာ ၂၃ ရက်မှာ သတိပေးလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့…

ထားဝယ်မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့ဖျက်ဆီးနေ

ထားဝယ်၊ စက်တင်ဘာ ၂၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အားအများအပြားနဲ့ မောင်မယ်ရှောင်ကျေးရွာထဲက နေအိမ်တွေမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့…

စစ်ကောင်စီရဲ့ တရားမဲ့သေဒဏ်ချမှတ်မှု တားဆီးအရေးယူဖို့ NUCC တောင်းဆို

ရန်ကုန် ၊ စက်တင်ဘာ ၂၄ စစ်ကောင်စီ ကျူးလွန်နေတဲ့ တရားမဲ့ သေဒဏ်ချသတ်ဖြတ်မှုတွေကို နိုင်ငံတကာအနေနဲ့ ထိရောက်စွာ တားဆီးအရေးယူဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာ ၂၄ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ မတရားဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ ပြည်သူတွေကို စစ်ကောင်စီက သေ ဒဏ်အပါအဝင် မတရားပြစ်ဒဏ်တွေချမှတ်ထားပြီး တရားမဲ့သေဒဏ်ချသတ်ဖြတ်မှုတွေအပေါ် NUCC က ထုတ်ပြန်လာတာပါ။…

ကျိုက်ထိုမှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖနှစ်ဦး နေအိမ်မှာပစ်သတ်ခံရ

ကျိုက်ထို၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် သားအဖနှစ်ဦးကို အမည်မသိသေနတ်သမားတွေက နေအိမ်မှာ ဝင်ရောက်ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ မုက္ခမူကျေးရွာ ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး ဦးမြင့်အောင်နဲ့ ပါတီရဲ့ လူငယ်ရေးရာအဖွဲ့ဝင် မဝင်းနုခိုင်တို့ကို အမည်မသိသေနတ်သမားတွေက နေ အိမ်မှာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။…